သိန်းနှစ်ဆယ်တန် မျက်နှာတော်
ဟိန်းဆက်သွင်
5000 က်ပ္
သိန်းနှစ်ဆယ်တန် မျက်နှာတော်
စာရေးသူ - ဟိန်းဆက်သွင်
စာမျက်နှာ - ၁၆၀
တန်ဖိုး - ၅၀၀၀ ကျပ်
လူငယ်စာရေးဆရာ ဟိန်းဆက်သွင်ရဲ့ 'သိန်းနှစ်ဆယ်တန် မျက်နှာတော်' (နှလုံးသား အပိုင်းအစ ၀တ္ထုများ) စာအုပ
်သစ်လေးကို မြဝတ်ချိုစာပေကနေ အောက်တိုဘာလအတွင်း ထုတ်ဝေဖြန့်ချိပါတော့မယ်။ 'နှလုံးသား အပိုင်းအစ ၀တ္ထုများ' ဆိုတဲ့အတိုင်း ဒီစာအုပ်မှာ ဆြာဟိန်းရဲ့ လက်ရာ ၀တ္ထုတို (၁၁)ပုဒ်တိတိ ပါဝင်ပြီး ၀တ္ထုတစ်ပုဒ်ချင်းစီတိုင်းမှာလည်း မတူကွဲပြားတဲ့ ရသတစ်မျိုး (ဒါမှမဟုတ်) တစ်မျိုးထက်မကတဲ့ ရသဝေဒနာတွေကို ခံစားဖတ်ရှုကြရမှာပါ။
ပထမဆုံး ဖတ်ရမယ့် 'လိပ်ပြာ' ၀တ္ထုမှာဆိုရင် ဇာတ်လမ်းအဖွင့်နိဒါန်းကနေ ဇာတ်သိမ်းအထိ ရင်တမမနဲ့ ဘာဆက်ဖြစ်မယ်မှန်း ခန့်မှန်းမရအောင် စာဖတ်သူကို တရိပ်ရိပ် ဆွဲခေါ်သွားပြီးမှ စာဖတ်သူ ဘယ်လိုမှ ထင်မထားနိုင်တဲ့ အလှည့်အပြောင်းမျိုးနဲ့ ၀တ္ထုကို နိဂုံးချုပ်ထားပါတယ်။ သနားစရာ၊ ရွံရှာစက်ဆုပ်စရာ၊ အံ့ဩစရာ ရသတွေကို ခံစားရစေမယ့် Thriller ၀တ္ထုမျိုးနဲ့ စာအုပ်ကို စတင်ဆွဲဆောင်ထားပါတယ်။
ဒုတိယ၀တ္ထုကတော့ တင်ပြပုံအရ မော်ဒန်၀တ္ထုဆန်တယ်လို့ ခံစားရပါတယ်။ ၀တ္ထုဟာ ဇာတ်လမ်းကို အခြေခံရတယ်လို့ ယေဘုယျ ဆိုလို့ရနိုင်ပေမဲ့ ဒီ၀တ္ထုမှာတော့ ဘာဇာတ်လမ်း ဇာတ်ကွက်မှ မပါပါဘူး။ လူတစ်ယောက်က သူ့ရည်းစား ကောင်မလေးကို သေနတ်တစ်လက်အဖြစ် မြင်လာမိပုံကို ဘာဇာတ်လမ်းမှ မပါဘဲ ၀တ္ထုတစ်ပုဒ်အဖြစ် တွေးစရာတွေ ချန်ရစ်ပြီး ဖန်တီးထားတဲ့ ၀တ္ထုပုံစံ တစ်မျိုးပါ။
မင်မင် အကြိုက်ဆုံးကတော့ 'အသည်းကွဲ ဗက်တီးရီးယား' ဆိုတဲ့ ၀တ္ထုလေးပေါ့။ ဒီ၀တ္ထုက ချစ်ကြိုက်ညားကွဲ အချစ်၀တ္ထုဆိုပေမဲ့ သမားရိုးကျ ဇာတ်လမ်းမျိုးကနေ ခွဲထွက်ပြီး ဗက်တီးရီးယားတွေကို ဇာတ်ကောင်အဖြစ် ပုံဖော်ရေးဖွဲ့ထားတာက တစ်မျိုးလေး စိတ်ဝင်စားစရာ ဖြစ်စေမယ် ထင်ပါရဲ့။ ၀တ္ထုရဲ့ ဇာတ်သိမ်းက ဝမ်းနည်းစရာတွေနဲ့မို့ ဘယ်လို ကြေကွဲစရာကောင်းအောင် ရေးထားသလဲ ဆိုတာကတော့ စာအုပ်လေး ထွက်လာမှ ဖတ်ကြည့်ပေါ့နော်။
မင်မင် ညွှန်းထားတာက ဒီစာအုပ်ထဲက နှစ်ပုဒ်သုံးပုဒ်ပါပဲ။ ကျန်တဲ့ ၀တ္ထုတွေကလည်း ရင်ခုန်ဆွတ်ပျံ့စရာ အချစ်ဇာတ်လမ်းတွေလည်း ပါဝင်သလို လူ့အဖွဲ့အစည်းထဲမှာ ဖြစ်ပျက်နေကြတဲ့ လူမှုလောက အခြေအနေတွေကို ပုံဖော်ထားတဲ့ ဘ၀သရုပ်ဖော် ရသ၀တ္ထုတွေလည်း ပါဝင်တာမို့ ဒီစာအုပ်ထဲက ၀တ္ထု (၁၁) ပုဒ်ဟာ စာဖတ်သူတွေကို “ချစ်ရွှင်သနား၊ တည်ကြားကြမ်းကြုတ်၊
စက်ဆုပ်ကြောက်ရွံ့၊ ရဲဝံ့အံ့သြ၊ နောအရသာ” ဆိုတဲ့ ရသကိုးမျိုးကို တစ်လှည့်စီ ခံစားရရှိစေမယ် ဆိုတာကိုတော့ ရဲရဲကြီး အာမခံပါတယ်။
(အတိုစုစည်းမှု ထုတ်ဝေရန် စီစဉ်သောအခါ ထိုထို ဖြတ်သန်းမှု ကာလများအတွင်း ရေးသားဖြစ်ခဲ့သမျှ စာပေလက်ရာများထဲကမှ ကောင်းနိုးရာရာ ဖြစ်မည်ထင်ရသည့် ၀တ္ထုတိုစာမူတို့ကို ရွေးထုတ်စုဖွဲ့ ဖြစ်၏။ ပုဂ္ဂလိကဝေဒနာထက် ယေဘုယျဝေဒနာ လွှမ်းကဲသည့် စာမျိုးတွေကိုသာ နွေငွေ့သက်မှိုင်းသော ပစ္စက္ခတွင် စာဖတ်သူ မိတ်ဆွေများထံ ကျွန်တော် လက်စေပါးချင်သည်။ ထို့ကြောင့်လည်း ဤ၀တ္ထုများကို ရေးဖြစ်ခဲ့သည်ပဲ။
အချစ်ကို လည်းကောင်း၊ ခေတ်ကို လည်းကောင်း၊ အသည်းနှလုံး၏ ဝေဒနာတို့ကို သီဖွဲ့စီကုံးအပ်သည့် တမ်းမြည့်လွမ်းမောဖွယ် အနုရသကို လည်းကေင်း၊ လူမှုဘ၀ အထွေထွေ၏ အခြေအနေ ဖြစ်စဉ်ဖြစ်ရပ် တချို့ကို ပုံဖော်ထင်ဟပ်သည့် ပုံရိပ်ကောက်ကြောင်းတို့ကို နောက်ခံကားပြုရာ စာမူတို့ကို လည်းကောင်း၊ ရွေးထုတ် စုစည်းဖြစ်၏။ ချစ်ပုံရိပ်နှင့် ခေတ်ပုံရိပ်တို့ကို ဤစာအုပ်တွင် တစ်စွန်းတစ်စတော့ မြင်ရနိုင်ကောင်းမည် ထင်သည်)။
ဆြာဟိန်း၏ အမှာစာမှ ... ကောက်နှုတ်ချက်