အသည်းနှလုံး၏ဘုန်းတော်ဘွဲ့
ဟိန်းဆက်သွင်
2000 က်ပ္
စာရေးသူ - ဟိန်းဆက်သွင် စာမျက်နှာ - ၂၁၀ 'ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္ထာ … အစချီတဲ့ အာဏာရှင် ဘုန်းတော်ဘွဲ့တွေ ရေးမယ့်အစား ချစ်ခြင်းမေတ္တာဆိုတဲ့ ဂရုဓမ္မတရားရဲ့ ပုံရုပ် သမုဒယတရားရဲ့ ဂုဏ်ပု
ဒ်တို့ တည်မှီးရာ … မွန်မြတ်သန့်စင်တဲ့ ခံစားမှုတို့ ရှိအပ်ရာ … မြတ်နိုးတန်ဖိုးထားမှုတို့ အရင်းတည်ရာ … တချို့သော အသည်းနှလုံးတို့ရဲ့ အမုန်းမမျှော်တဲ့ ဘုန်းတော်ဘွဲ့ကိုသာ ငါ … သီကုံးဖွဲ့ဆိုလိုက်တော့တယ် … ' လို့ အစချီထားတဲ့ ဒီ 'အသည်းနှလုံး၏ ဘုန်းတော်ဘွဲ့' ဝတ္ထုရှည်ကတော့ လူငယ်တွေရဲ့ နှလုံးသားရေးရာ ခံစားမှုတွေကို ဒဿနဆန်စွာ အနုစိတ် မှုန်းခြယ်ထားတဲ့ အချစ်ရသ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ လူငယ်စာရေးဆရာတစ်ယောက်နဲ့ ဆေးဝါးတက္ကသိုလ် ကျောင်းသူလေးတစ်ဦးတို့ ဆုံတွေ့ရာက မဖြစ်နိုင်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အခြေအနေ အရပ်ရပ်အကြား ချစ်သူနှစ်ဦးရဲ့ ဝေဒနာကို လှပသပ်ရပ်စွာ ပုံဖော်ထားသလို ဇာတ်လမ်းအမည်ဖြစ်တဲ့ 'အသည်းနှလုံး၏ ဘုန်းတော်ဘွဲ့' ဆိုတဲ့အတိုင်း အချစ်စစ်စစ် ရှိတဲ့ လူတချို့ရဲ့ အသည်းနှလုံး ဥပဒေသတွေကို အခန်းတိုင်းမှာ ဖော်ကျူးဖွဲ့ဆိုထားတဲ့ မေတ္တာဖွဲ့ သမုဒယဇာတ်လမ်း။ ချသ်ခြင်းမေတ္တာကို တန်ဖိုးကြီးစွာ ညွှန်းဆိုထားသလို ဇာတ်သိမ်းခန်းမှာ လွမ်းရမှ ကြိုက်သူတွေအတွက် တသသစွဲနေမယ့် ဇာတ်လမ်းမို့ မြည်းစမ်းကြည့်လိုက်ပါလို့ပဲ အကြံပြုပါရစေ။
ဟိန်းဆက်သွင် စာအုပ္မ်ား
chevron_right
Privacy Policy