စာရေးသူ - ဟိန်းဆက်သွင်
စာမျက်နှာ - ၂၀၀
ရုပ်ရှင်သရုပ်ဆောင် မင်းသမီးလေးကိုမှ စွဲစွဲလမ်းလမ်း ချစ်မက်မြတ်နိုးခဲ့မိလို့ မင်းသမီးနဲ့ နီးစပ်ပတ်သက်နိုင်ဖို့အရေးအတွက် စာနယ်ဇင်း သတင်းမီဒီယာ လ�
�ာကထဲ ရည်ရွယ်ချက်ကြီးစွာနဲ့ ဝင်ရောက်လာတဲ့ လွမ်းနောင်ဆိုတဲ့ အယ်ဒီတာလေးတစ်ဦး။
မျိုးရိုးစဉ်ဆက် ကျိန်စာသင့်နေတဲ့ ယနေ့ခေတ် မော်ဒယ်သရုပ်ဆောင် မင်းသမီးလေး ရွှေအိမ်စိုးစံ။
သူတို့နှစ်ဦးရဲ့ အခြေမတူတဲ့ မေတ္တာဇာတ်လမ်းမှာ ဘယ်သူတွေက ကူညီပြီး ဘယ်သူတွေက ဟန့်တားမှာလဲ။
သူတို့အတွက် 'ကျိန်စာ' ဟာ ဘယ်လိုကျိန်စာမျိုး ဖြစ်လေမလဲ။
'ကြယ်စင်ကို ချစ်တဲ့ လမ်းဘေးမြက်ရယ်။
တော်ကြာ … မင့်အိပ်မက်တွေ ပန်းအဖြစ်နဲ့ ပွင့်လာကြလိမ့်မယ်' ဆိုတဲ့ ရာဘင်ဒြာနသ်တဂိုရ်းရဲ့ ကဗျာလေးနဲ့ အစပျိုးထားတဲ့ ဒီဇာတ်လမ်းဟာ စာအုပ်ခေါင်းစဉ်အမည်အတိုင်း 'လွမ်းရမယ့် ကံ' အဖြစ် ဘယ်သူတွေ ဖန်လာလေမလဲ။
ရုပ်ရှင်လောကနဲ့ စာနယ်ဇင်းသတင်းလောကကို နောက်ခံထားပြီး ဖန်တီးရေးဖွဲ့ထားတဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်မို့ မျက်ရည်မခိုင်ရင် မဖတ်ပါနဲ့လို့ပဲ ကြိုတင်မှာကြားထားပါရစေ။