နှစ်ဆယ့်တစ်ရာစုအရှုံးသမားနှင့် နှလုံးသားအပိုင်းအစကဗျာများ
ဟိန်းဆက်သွင်
1500 က်ပ္
စာရေးသူ - ဟိန်းဆက်သွင် စာမျက်နှာ - ၆၀ ဆရာမောင်လှမျိုး(ချင်းချောင်းခြံ)ရဲ့ အမှာစာနဲ့အတူ ထွက်ရှိခဲ့တဲ့ ဒီကဗျာစာအုပ်ကတော့ ဟိန်းဆက်သွင်ရဲ့ ပထမဆုံး ကဗျာစာအုပ်လေး ဖြစ်ပါတယ်။ ကြဗျာဆရာဟာ ခေတ်�
�ေါ်ကဗျာတွေလည်း ရေးတယ်ဆိုပေမယ့် မန်မာ့ရိုးရာ ကာရန်နဘေ အစပ်အဟပ်ကဗျာတွေကိုလည်း မြတ်နိုးတန်ဖိုးထားသင့်တယ်လို့ ယုံကြည်ဟန်နဲ့ ဒီစာအုပ်မှာတော့ ကာရန် နဘေ ကဗျာအမျိုးအစား များစွာကို အဓိကထား ရေးဖွဲ့ထည့်သွင်းထားပါတယ်။ စာရေးသူရဲ့ ဟန်အတိုင်း ချစ်ခြင်းမေတ္တာကို တန်ဖိုးကြီးမြတ်စွာ ရေးဖွဲ့ထားတဲ့ အချစ်ကဗျာ/ အလွမ်းကဗျာတွေ ပါဝင်သလို ခေတ်ကို တို့ထိဖော်ကျူးထားတဲ့ ခေတ်ပေါ်ကဗျာ/ ဘဝရုန်းကန်မှုတွေကို ပုံဖော်ထားတဲ့ ဘဝရသကဗျာ/ အတွေးအမြင်ကို အားပြုတဲ့ ဒဿနကဗျာတွေလည်း ပါဝင်ပါတယ်။ 'လင်္ကာဒီပနှလုံးသား' ကဗျာကနေ 'နှစ်ဆယ့်တစ်ရာစုအရှုံးသမား' ကဗျာအထိ ကဗျာပေါင်း (၃၇) ပုဒ် ပါဝင်ပြီး ကဗျာချစ်သူတွေရဲ့ နှလုံးသားကို မြားနဲ့ပစ်သလို ခံစားထိရှစေမယ့် ကဗျာစာအုပ်မို့ ကဗျာချစ်သူ စာချစ်သူတွေအတွက် လက်တို့ညွှန်းဆိုလိုက်ပါတယ်။
ဟိန်းဆက်သွင် စာအုပ္မ်ား
chevron_right
Privacy Policy