အလွမ်းမြို့ဟောင်း၏နောက်ကြောင်းရာဇဝင်
ဟိန်းဆက်သွင်
2000 က်ပ္
စာရေးသူ - ဟိန်းဆက်သွင်
စာမျက်နှာ - ၁၉၈
ဝတ္ထုခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ ဒီဇာတ်လမ်းဟာ စာဖတ်သူကို တစ်ခုခု ခံစားရစေတော့မယ်မှန်း ရိပ်မိပြီ မဟုတ်လား။ မှန်ပါတယ်။ တကယ့်ကို လွမ်းမြည့်နာကြည်းဖွ
ယ် အတိတ်တွေနဲ့ လူတစ်ဦးက နှစ်နှစ်ဆယ်ကျော် ကြာပြီးနောက်မှာ သူ့အတိတ်က ရန်ငြိုးအတွက် လှလှပပ စနစ်တကျနဲ့ အကွက်ချကြံစည်ပြီး ကလဲ့စားချေတဲ့ အဖြစ်အပျက်တွေပါပဲ။ မော်လမြိုင်တက္ကသိုလ် နောက်ခံနဲ့ ခေတ်နှစ်ခေတ်က အချစ်အဖြစ်တွေကို ဇာတ်အိမ်ခိုင်ခိုင် အရေးအသားညက်နုသပ်ရပ်စွာ ရေးဖွဲ့ထားတဲ့ ဝတ္ထုရှည်တစ်ပုဒ် ဖြစ်ပါတယ်။ ပြေရန်ကောင်းဆိုတဲ့ ကောင်လေးဟာ လမင်းဝါဝါနဲ့ နွေကဗျာ ဆိုတဲ့ မိန်းကလေးနှစ်ယောက်အကြား ဘယ်လို ဗျာများရလေမလဲ။ မိုးကောင်းနဲ့ မြဝါလှိုင်တို့ရဲ့ ကံ့ကော်ရိပ်က ချစ်ပုံပြင်လေးကရော ဘယ်လိုများလဲ။ ခေတ်နှစ်ခေတ်ကြားက အချစ်စနစ်တွေအကြား သူတို့တတွေ ဘယ်လို စခန်းသွားကြမလဲ။ မွန်ပြည်နယ်ရဲ့ အလှအပနဲ့ မော်လမြိုင်တက္ကသိုလ်ရဲ့ ခေတ်နှစ်ခေတ် ပုံရိပ်အကြား စာဖတ်သူရဲ့ နှလုံးသားကို သိမ်းကြုံးဖမ်းစားသွားမှာ အသေအချာပါပဲ။