" ဤစာအုပ်တွင်ပါဝင်သော ကဗျာများနှင့်တကွ " ကဗျာ " ဟု အမည်မတပ်လိုသော နှလုံးသားအပိုင်းအစများသည် ခွေးကျင့်ခွေးကြံ မဟုတ်သော အလွမ်းကျင့် အလွမ်းကြံ ဝေဒနာများသာ ဖြစ်ပါကြောင်း "
ဆရာဟိန်းဆက်သွင်ရဲ့
ကဗျာစာအုပ်လေးနှင့်ပတ်သက်ပြီး ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က " ဟိန်းဆက်သွင်၏ ကဗျာစာအုပ်သည် သူ့ခေါင်းစဉ်အတိုင်း အချစ်၊ အလွမ်း ကဗျာအများစုကိုစုပြီး ထုတ်ထားခြင်းပင်။ ရှေးရေးနည်း ရေးထုံးများအတိုင်း ရေးထားသော ကဗျာတွေ များပါသည်။ ကောင်းခြင်း၊ မကောင်းခြင်းထက် သူ့ကဗျာအများစုသည် သူ့နှလုံးသားမှလာသော တကယ့်အသံများအဖြစ် ယုံကြည်မိပါသည် " လို့ဆိုထားပါတယ်။