ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု(တတိယပိုင်း)
ကျော်ဝင်း
8000 က်ပ္
ဆရာကျော်ဝင်းရဲ့ ဘဝမှတ်တမ်းလည်း ဖြစ်သလို၊ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံ၊ အဖြစ်အပျက်၊ နိုင်ငံရေး လှုပ်ရှားမှု၊ အခြေအနေအရပ်ရပ်ကို ရသဝတ္ထုကြီးအဖြစ် အသေးစိပ် ခြယ်မှုန်းရေးသားထားတဲ့ ပျော�
��်ဆုံးသွားသော မျိုးဆက်တစ်ခု။ ပထမပိုင်းနဲ့ ဒုတိယပိုင်း ထွက်ပြီးလို့ ဖတ်ရှုပြီးခဲ့ကြတဲ့ စာချစ်သူတိုင်း ဒီစာအုပ်ရဲ့ တတိယပိုင်း ထွက်လာဖို့အတွက် မျှော်လင့် စောင့်စားခဲ့ရတဲ့ စာအုပ်တစ်အုပ်။
ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု (တတိယပိုင်း)မှာတော့ ၁၉၈၄ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အတွင်း ဖြစ်ရပ်တွေကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အလွန်အရေးပါခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကာလ အခြေအနေတွေ၊ အာဏာရှင် စစ်အစိုးရရဲ့ မတရားဖိနှိပ်ချုပ်ချယ်မှု၊ ကျောင်းသားထုရဲ့ အုံကြွမှု၊ ဒီအဖြစ်အပျက်တွေရဲ့ အကြောင်းရင်းမှန်က ဘာလဲ၊ ဘာကြောင့်လဲ၊ ဘယ်သူမှန်ပြီး ဘယ်သူမှားခဲ့သလဲ ဆိုတာတွေကို ဒီအပိုင်းမှာ ရှင်းရှင်းလင်းလင်း ဖတ်ရှုကြရမှာပါ။
ဒီ ၈၈ အရေးအခင်းအပြီးမှာတော့ တတိယအကြိမ်မြောက် ထောင်နန်းစံခဲ့ရတဲ့ ဆရာကျော်ဝင်းဟာ ထောင်က လွတ်ခါနီးမှာ ဆရာဒဂုန်တာရာရဲ့ ဆောင်းပါးတစ်ပုဒ်ကို မဂ္ဂဇင်းတစ်စောင်မှာ ဖတ်လိုက်ရတယ်။ ဒါနဲ့ ပတ်သက်လို့ ဒီ တတိယပိုင်း အမှာစာမှာ ဒီလို ရေးသားထားပါတယ်။
‘စာရေးသူတို့ ထောင်မှ လွတ်ခါနီးတွင် ဆရာတာရာ၏ ဆောင်းပါးတစ်ပုဒ်ကို မဂ္ဂဇင်း တစ်စောင်တွင် ဖတ်လိုက်ရသည်။ ရန်သူ မရှိ … မိတ်ဆွေသာရှိ၊ မုန်းသူမရှိ … ချစ်သူသာရှိ ဟူသော စကားရပ်ကို ၁၉၈၆ ကျော်ကျော်လောက် မိမိကိုယ်ကို မဲဇာပို့ခြင်း ကဗျာတွင် ရရှိခဲ့သည်။ ကျွန်တော်၏ ဘဝအတွေ့အကြုံ၊ သမိုင်းခေတ် အတွေ့အကြုံကို ဖြတ်သန်းရင်း ရရှိခဲ့သော အတွေးအခေါ် ဖြစ်သည် … စသဖြင့်။ ခန်းဆောင်နီထဲတွင် နှစ်ပေါင်းမြောက်မြားစွာ အိပ်မက်မက်နေခဲ့သော စာရေးသူကို ဆရာ့စာက လှုပ်နှိုးလိုက်သလို ရှိသည်။ တတိယအကြိမ် ထောင်မှ မထွက်မှာပင် စာရေးသူ၏ ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခုကို နားလိုက်ပါသည်။ ကျွန်တော်တို့ မျိုးဆက်မှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အတွေးသစ်၊ အမြင်သစ်၊ အယူအဆသစ်တွေနဲ့ သမိုင်းသစ်ကို စရပေတော့မည် …’
ယခု တတိယတွဲမှာလည်း ရှေးက ထွက်ခဲ့ပြီးတဲ့ ပထမတွဲ၊ ဒုတိယတွဲတွေအတိုင်း … သမိုင်းဆိုင်ရာ အချက်အလက်တွေ၊ နိုင်ငံရေး အခြေအနေ ဖြစ်စဉ်တွေကို အသေးစိပ် ပြန်ပြောင်းအောက်မေ့ ရေးသားထားတဲ့ ရသဝတ္ထုရှည်ကြီးကို စိတ်ဝင်တစား လက်က မချနိုင်အောင် ဖတ်ရှုကြရမယ့် ဆရာကျော်ဝင်းရဲ့ ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု (တတိယပိုင်း) … မဆိုင်းအမြန် ဖတ်ရှုကြရအောင်လား စာချစ်သူများ ခင်ဗျာ။