အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး
ကျော်ဝင်း
2500 က်ပ္
စာရေးသူ - ကျော်ဝင်း စာမျက်နှာ - ၁၆၄ ‘၂၀ ရာစု၏ အနားသတ်နှစ်များကို နိုင်ငံရေးလောကတစ်ခုလုံး အကြီးအကျယ် ပြောင်းလဲစေခဲ့သည့် သမိုင်းဝင် ဖြစ်ပေါ်တိုးတက်မှုကြီး သုံးရပ်ဖြင့် မှတ်တမ်းတင်သွားခ�
��့ချေပြီ။ ဒီမိုကရေစီစနစ် ပျံ့နှံ့သွားခြင်း၊ ဆိုဗီယက် ကွန်မြူနစ်ဝါဒ ပြိုကျသွားခြင်းနှင့် စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်သွားခြင်းတို့ ဖြစ်ပါသည်’ (လာရီဒိုင်းမွန်းနှင့် မက်ပလာတနာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီစာအုပ် အမှာစာမှ ကောက်နှုတ်ချက်) " တည်ငြိမ်သော ဒီမိုကရေစီသို့သွားရာလမ်းတွင် ကျော်လွှားဖို့ အခက်ခဲဆုံး အတားအဆီးတစ်ခုမှာ 'နိုင်ငံရေးတွင် စစ်ဘက်မှ ပါဝင်စွက်ဖက်မှု' ပင်ဖြစ်သည်။ သို့တစေ ဤအတားအဆီးမှာ ဘယ်လိုမှ ကျော်ဖြတ်လို့မရနိုင်သော အခက်အခဲကား မဟုတ်ပါချေ။" . (လာရီဒိုင်းမွန်း နှင့် မက်ပလက်တနာ) . တကောင်းစာအုပ်တိုက်ကနေ (၂၀၁၉)၊ ဧပြီလထုတ်အဖြစ် ထွက်ရှိလာခဲ့တဲ့ ဆရာကျော်ဝင်းရဲ့ စာအုပ်သစ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ အပိုင်းကဏ္ဍ နှစ်ပိုင်းပါဝင်ပါတယ်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနဲ့ အရေးနိမ့် ဒီမိုကရေစီအပြောင်းအလဲ ဆိုတဲ့ အကြောင်းအရာနှစ်ခုကို အသေးစိတ် ရှင်းလင်းသုံးသပ်ရေးသားထားပြီး ဒီစာအုပ်အတွက် ဆရာကျော်ဝင်းရဲ့ အမှာစာမှာတော့ ဒီစာအုပ်မှာ ပါဝင်တဲ့ စာစုတွေက (၁၆.၁၁.၂၀၁၈) ရက်နေ့က မုံရွာမြို့မှာ ကျင်းပခဲ့တဲ့ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တဲ့ အကြောင်းအရာနှစ်ခုကို ပြန်လည်ရေးသားထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ၊ မြန်မာ့တပ်မတော် စစ်တန်းလျားများသို့ ပြန်ပါမည်လော … ဆိုတဲ့ အခန်းနှစ်ခန်းလည်း ပါဝင်ပါတယ်။ ကဲ … ဖတ်ကြည့်ကြပါဦး စာချစ်သူတို့ရေ။
ကျော်ဝင်း စာအုပ္မ်ား
chevron_right
Privacy Policy