ခုနစ်ဆယ်မှ ခုနစ်ဆယ့်တစ်သို့(NLD ခေတ်တတိယနှစ်)
ကျော်ဝင်း
3500 က်ပ္
စာရေးသူ - ကျော်ဝင်း စာမျက်နှာ - ၂၃၇ ဆရာကျော်ဝင်းရဲ့ စာအုပ်သစ်ဖြစ်တဲ့ ခုနစ်ဆယ်မှ ခုနစ်ဆယ့်တစ်သို့ (NLD ခေတ် တတိယနှစ်) စာအုပ်ကို လွင်ဦးစာပေကနေ ၂၀၁၉၊ မေလမှာ ပထမအကြိမ်အဖြစ် ထုတ်ဝေလိုက်ပါပြီ။ ခ�
�ါင်းစဉ်အမည်ဖြစ်တဲ့ ခုနစ်ဆယ်မှ ခုနစ်ဆယ့်တစ်သို့ ဆိုတဲ့ အဓိပ္ပါယ်ကတော့ အနှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ (၄၊ ဇန်နဝါရီ၊ ၂၀၁၈) မှ (၇၁)နှစ်ပြည့် လွတ်လပ်ရေးနေ့ (၄၊ ဇန်နဝါရီ၊ ၂၀၁၉) ကြား - ကာလအပိုင်းအခြား၊ တစ်နည်းအားဖြင့် ၂၀၁၈ ကို ဆိုလိုရင်း ဖြစ်ကြောင်း ဆရာက အမှာစာမှာ ဖော်ပြထားပါတယ်။ ဒီ (၂၀၁၈) ဆိုတာ လူထုက သောင်ပြိုကမ်းပြို ရွေးကောက် တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရရဲ့ တတိယနှစ်လည်း ဖြစ်ပါတယ်။ ‘ယနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်၏ အဓိက ဖြစ်တည်မှု အကျပ်အတည်းမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကြား ဖြစ်သည်။ (စာ - ၂၄)’ ‘အစိုးရ (NLD) ၏ မဟာဗျူဟာ နည်းဗျူဟာ၊ တပ်မတော်နှင့် ဆက်ဆံရေးမှာ ဒီမိုကရေစီအတွက် အရေးကြီးလှသလို လူမျိုးစု အဖွဲ့အစည်းများနှင့် ဆက်ဆံရေးမှာလည်း ငြိမ်းချမ်းရေးအတွက် အရေးကြီးလှပါသည်။ (စာ-၅၄)’ ‘သင်ချမ်းသာလိုလျှင် ပထမဆုံး လုပ်ရမည့်အလုပ်မှာ လမ်းတွေဖောက်ဖို့ပင် ဖြစ်သည်။ (တရုတ်စကားပုံ)။ (လမ်း … သို့ … တရုတ်ပြည်၏ ပိုးလမ်းမသစ် ဆောင်းပါးရှည် … မှ) – (စာ-၁၄၈)’ ဒါတွေကတော့ ဆရာ့ရဲ့ ဒီစာအုပ်သစ်ထဲက ကောက်နှုတ်ချက်တချို့ ဖြစ်ပါတယ်။ မြန်မာပြည် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာစု ဆောင်းပါးသစ်တွေကို စုစည်းထားတာမို့ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ညွှန်းဆိုလိုက်ပါတယ် စာချစ်သူတို့ရေ။
ကျော်ဝင်း စာအုပ္မ်ား
chevron_right
Privacy Policy