လမ်းသရဲအတွေးခေါ်များ
နိုင်ရဲကျော်
3000 က်ပ္
စာရေးသူ - နိုင်ရဲကျော် (မြန်မာပြန်) စာမျက်နှာ - ၂၇၂ ‘ဒီနေ့ခေတ် လူသားတိုးတက်မှု ဖြစ်စဉ်ကြီးဟာ အောင်မြင်မှုကို အသည်းအထန် ဆာလောင်နေတတ်တဲ့ အောင်မြင်မှုနောက်ကို ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း လိ
ုက်နေတတ်တဲ့ ဇာတ်ခုံကြီးတစ်ခု ဖြစ်နေတတ်ပါတယ်’ ဒီစာအုပ်ကတော့ မူရင်းစာရေးသူ နှစ်ဦးဖြစ်ပါတယ်။ စတီဗင်ဒီလီဗစ်နဲ့ စတီဗင်ဂျေဒက်ဗနာတို့က ပေါင်းရေးထားကြတာပါ။ မူရင်းစာအုပ်အမည်ကတော့ Think Like a Freak ဆိုတဲ့ စာအုပ်ဖြစ်ပြီး ဘာသာပြန်သူ နိုင်ရဲကျော်က မူရင်းအာဘော်အတိုင်း ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ အမှာစာအရ ပြောရရင် မူရင်းစာရေးသူ နှစ်ဦးစလုံးဟာ ပျော်ပျော်နေတတ်သူတွေ၊ အရေးကြီးတဲ့ ကိစ္စတွေကို ပေါ့ပါးလွတ်လပ်စွာ လုပ်ကိုင်လိုသူတွေ၊ တွေးခေါ်ကြံဆရာမှာ လမ်းသစ်ထွင်လျှောက်ရမှ နေသာထိုင်သာ ရှိသူတွေဖြစ်တဲ့အတိုင်း သူတို့စာတွေကလည်း ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ရှိလှပါတယ်။ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အိုင်ဒီယာနဲ့ အတွေးအခေါ်တွေကို စာဖတ်သူတွေအနေနဲ့ တစ်ထစ်ချ လက်ခံပွေ့ဖက်လိုက်ဖို့ ဆိုလိုတာမဟုတ်ဘဲ အငြင်းပွားစရာတွေ၊ ပြန်လှန်မေးခွန်းထုတ်လိုတာတွေလည်း ရှိကောင်းရှိနိုင်တယ်လို့ ဆိုထားပါတယ်။
နိုင်ရဲကျော် စာအုပ္မ်ား
chevron_right
Privacy Policy