လူမည်းတစ်ယောက်ရဲ့ရာဇဝင် သို့မဟုတ် မာတင်လူသာကင်းနဲ့ပလေးဘွိုင်း
နိုင်ရဲကျော်
1500 က်ပ္
စာရေးသူ - နိုင်ရဲကျော် စာမျက်နှာ - ၁၀၃ ‘ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ အဲဒီအိပ်မက်ကတော့ တစ်ရက်မှာ ကျွန်တော့်ရင်သွေး လေးယောက်ဟာ အသားအရည်ရဲ့ အရောင်ကို ကြည့်ပြီး မဆုံးဖြတ်ဘဲ နှလုံးသာ�
�စာရိတ္တရဲ့ အရောင်အသွေးကိုသာ ကြည့်တတ်တဲ့ နိုင်ငံကြီးတစ်နိုင်ငံမှာ နေထိုင်ခွင့် ရလာလိမ့်မယ်လို့ ယုံကြည်နေတဲ့ အိပ်မက်ပဲ ဖြစ်တယ်’ ဒါကတော့ အမေရိကန်နိုင်ငံရှိ လူမည်းတို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင် မာတင်လူသာကင်း (ဂျူနီယာ)ရဲ့ အိပ်မက်တစ်ခု။ ၁၉၂၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့မှာ အတ္တလန္တာမြို့၊ အလယ်အလတ်တန်းစား လူမည်းမိသားစုမှာ မွေးဖွားခဲ့တဲ့ မာတင်လူသာကင်း။ ခရစ်ယာန် ဓမ္မဆရာတစ်ဦးလည်း ဖြစ်တဲ့ မာတင်လူသာကင်း။ ဂန္ဓီချမှတ်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလမ်းစဉ်ကို အကောင်းဆုံးအသုံးပြုပြီး နိုင်ငံသား အခွင့်အရေးဆိုင်ရာ တိုက်ပွဲတွေရဲ့ ခေါင်းဆောင်အဖြစ် ကမ္ဘာကျော်ခဲ့တဲ့ မာတင်လူသာကင်း။ ဒီလို ကမ္ဘာကျော် မာတင်လူသာကင်း လုပ်ကြံမခံရမီက ပလေးဘွိုင်းမဂ္ဂဇင်းကနေ အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။ ဒီ ကမ္ဘာကျော် အင်တာဗျူး အမေးအဖြေတွေက အဖိုးတန်မှတ်တမ်းတစ်ခုလည်း ဖြစ်တာမိုပ ဆရာနိုင်ရဲကျော်က မြန်မာဘာသာ ပြန်ဆိုပြီး မြန်မာစာဖတ်သူတွေ လက်ထဲ ပေးပို့လိုက်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဖတ်ကြည့်ကြပါဦး။
နိုင်ရဲကျော် စာအုပ္မ်ား
chevron_right
Privacy Policy