စတိဗ်ဂျော့ နည်းပညာတစ်ဖက်အနုပညာတစ်ဖက်နှင့်လူသား
နိုင်ရဲကျော်
3500 က်ပ္
စာရေးသူ - နိုင်ရဲကျော် စာမျက်နှာ - ၃၄၉ ‘ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်လို့ တွေးရဲလောက်တဲ့အထိ ရူးတဲ့သူတွေကပဲ ကမ္ဘာကြီးကို တကယ် ပြောင်းလဲပစ်တဲ့သူတွေ ဖြစ်လာကြတာပဲ’ (၁၉၉၇)၊ Apple ကုမ္ပဏီ၏ က
ြော်ငြာတစ်ခုမှ … စတိဗ်ဂျော့တဲ့။ ဒီနာမည်ကို ကြားတာနဲ့ သူ့အကြောင်းကို သိထားသူတွေရဲ့ ရင်ထဲမှာ ထက်မြက်ခြင်း၊ တော်လှန်ခြင်း၊ ဆန်းသစ်သလောက် ရိုးရှင်းခြင်း၊ ဟစ်ပီဆန်ခြင်း၊ လွတ်လပ်သစ်လွင်ခြင်း၊ သိနားလည်ရခက်ခြင်း စတဲ့ အဓိပ္ပါယ်တွေ လှုပ်ခတ်ဖြတ်ပြေးသွားစေမယ့် နာမည်တစ်ခုပါပဲ။ အမှန်တော့ Apple ဆိုတဲ့ ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးနဲ့ သူ့ကို မွေးဖွားပေးခဲ့တဲ့ စတိဗ်ဂျော့ ဆိုတဲ့ CEO တစ်ယောက်အကြောင်းဟာ ဘာမှတော့ ထူးခြားဆန်းလှတာ မဟုတ်ပါဘူး။ ရိုးရိုးလေး ကြည့်လိုက်ရင်တော့ သူဟာ သာမန်မိဘမဲ့ လူငယ်ကနေ Apple ကုမ္ပဏီကြီးကို တည်ထောင်ပြီး သူဌေးကြီး ဖြစ်သွားတယ်ပေါ့။ ဒီလောက်နဲ့လည်း ဘာမှမဆန်းသေးပါဘူး။ အောက်ခြေလူတန်းစားကနေ သူဌေးကြီး ဖြစ်သွားသူတွေက နည်းမှ မနည်းဘဲ။ ဒါပေမဲ့ ဘာက စိတ်ဝင်စားစရာ ကောင်းတာလဲ။ ဘာကြောင့်လဲ။ ဒါကို သိချင်ရင်တော့ ဒီစာအုပ်ကို ဖတ်ကြည့်ပါ မိတ်ဆွေ။
နိုင်ရဲကျော် စာအုပ္မ်ား
chevron_right
Privacy Policy