မားဆိုးအားစုံစမ်းစစ်ဆေးခြင်း
နေသန်
3000 က်ပ္
စာရေးသူ - နေသန် (မြန်မာပြန်) စာမျက်နှာ - ၁၇၈ ‘တစ်ခါတလေကျရင် ကျွန်တော် နံရံကို ထိုးဖောက်ပြီး အိမ်နီးချင်း လည်ပင်းကို ညှစ်ကာ ကျမ်းစာကို ညောင်နာနာ ရွတ်ဆိုမနေနဲ့တော့၊ မျက်စိဖွင့် နားစွင့်ပြီ�
� လောကကြီးရဲ့ ဖြစ်ပျက်နေပုံကို လက်ခံလိုက်တော့၊ ကောင်းကင်ဘုံဆီ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့တဲ့ ဖခင်တစ်ယောက်နောက် ဆက်ပြေးလိုက်မနေနဲ့တော့လို့ အော်ပြောလိုက်ချင်မိတယ်’ Kamel Daoud ရဲ့ The Mersault Investigation ကို နေသန် မြန်မာဘာသာ ပြန်ဆိုရေးသားတဲ့ စာအုပ်သစ်ကို အမတနှင်းဆီစာပေကနေ ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ ထုတ်ဝေလိုက်ပါတယ်။ မားဆိုးကိုတော့ မြန်မာစာဖတ်ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ အာရပ်ကို မားဆိုး ဘာကြောင့် သေနတ်နဲ့ ပစ်ခဲ့သလဲ။ နေရောင်စူးစူးကြောင့်လား။ ဒီဝတ္ထုထဲက အာရပ်ရဲ့ ညီက အစ်ကိုဖြစ်သူရဲ့ နာမည်တစ်လုံးတောင် ပိုင်ဆိုင်ခွင့် မရတာက အစချီလို့ မားဆိုးကို စုံစမ်းစစ်ဆေးခန်း ဝင်ပါတော့တယ်။ စည်းအပြင်ကလူတစ်ယောက်ဖြစ်တဲ့ မားဆိုးရဲ့ အဖြစ်အပျက်တွေဟာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဖြစ်မလဲ။ ကိုယ်တိုင်ပဲ ဖတ်ကြည့်လိုက်ကြပါစို့။
နေသန် စာအုပ္မ်ား
chevron_right
Privacy Policy