ကျနော့်ခန္ဓာကိုယ်ထဲမှာ မိန်းမတစ်ယောက်ကျူးကျော်နေထိုင်
နေသန်
3000 က်ပ္
စာရေးသူ - နေသန်၊ ရေအေး စာမျက်နှာ - ၁၉၃ ‘မင်း ရေမချိုးဘူးလား’ မောင်မောင် အိပ်ရာက နိုးလာတာနဲ့ မောင်မောင့်ခန္ဓာကိုယ်ထဲက မိန်းမက စကားတွေ စပြောပြီ။ မချိုးဘူးလို့ မောင်မောင် ပြန်ဖြေလိုက်တယ်။
‘မချိုးဘူး၊ မင်း ငါ့ကိုယ်ထဲက ထွက်မသွားမချင်း ငါ ရေမချိုးဘူး’ လို့ မောင်မောင် ပြောလိုက်တယ်။ ပြီးတော့ မောင်မောင် အိပ်ရာပေါ်မှာ တုတ်တုတ်မလှုပ်ဘဲ ပြန်အိပ်ဖို့ ကြိုးစားလိုက်တယ်။ ‘မင်းက ညစ်ပတ်အိုးပဲ’ လို့ အဲဒီမိန်းမက မောင်မောင့်ကို ကဲ့ရဲ့သလို ပြောတယ်။ ‘ဟုတ်တယ်။ ငါက ညစ်ပတ်တယ်၊ မင်း မနေချင်ရင် ငါ့ကိုယ်ထဲက ထွက်သွား’ လို့ အဲဒီမိန်းမကို မောင်မောင် ထုံးစံအတိုင်း နှင်ထုတ်လိုက်တယ်။ အဲဒီမိန်းမက ဂရုမစိုက်သလို ဘာမှ ပြန်မပြောဘူး။ မင်းဘယ်သူလဲ၊ ဘာကြောင့် ငါ့ကိုယ်ထဲမှာ တိတ်တိတ်လေး ခိုးဝင်နေရတာလဲ မေးတော့ အဲ့ဒီမိန်းမက မဖြေဘူး။ မင်းက ငါ့ကို မိန်းမစိတ်ပေါက်အောင် လုပ်နေတာလို့ မောင်မောင် ပြောလိုက်တယ်။ ဝိုင်းမော်စာအုပ်တိုက်ကနေ ထွက်ရှိလာတဲ့ စာရေးဆရာ နေသန်ရဲ့ စာအုပ်သစ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ပင်ကိုရေးဝတ္ထုတွေ၊ ဘာသာပြန်ဝတ္ထုတွေကို ရောပြွန်းထားရုံတင်က စာပေအင်တာဗျူးတစ်ခုလည်း ပါသေးတယ် ဆိုတော့ စာဖတ်သူတို့ အကြိုက် ဖြစ်မှာပါ။ အသွင်ပြောင်းလဲတတ်သော ဝတ္ထုများ၊ မောင်မောင့်ခန္ဓာကိုယ်ထဲမှာ မိန်းမတစ်ယောက် ကျူးကျော်နေထိုင်၊ မမြေခွေး၊ အသွင်ပြောင်းလဲခြင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်၊ ကိုယ်တို့တွေ အန်းန်ဖရန့်ခ်အကြောင်း ပြောတဲ့အခါ ပြောဖြစ်တာတွေက၊ အမေးနေသန် အဖြေ ရေအေး၊ စတဲ့ ခေါင်းစဉ်တွေနဲ့ စာပေအမျိုးအစား အစုံ ပါဝင်ပါတယ်။
နေသန် စာအုပ္မ်ား
chevron_right
Privacy Policy