အမော...
ယင်းအမောတွင် အလွမ်းဆင့်ကြည့်ပါ။
အလွမ်းကြောင့် မောရသည့် အမောသည်
ပိုလို့ နွမ်းလျစေသည်။
ယာတော၊ထန်းတောများတွင် ကြီးပြင်းရသော
ဘဝသည် ကနွဲ့ကလျ ဆန်မည်မဟုတ်။ရွာသူ
ကလေးသည်လည်း ထန်းပင်၊
ထန်းရည်၊ထန်း
လျက်များကြားမှာ မနုနေနိုင်အား။ထိုမျှမက
ဘဝဒဏ်နှင့် အလွမ်းမောများမှ ထပ်ဆင့် ဖိစီး
ထားသည့်အခါ မျက်နှာမွဲ ရွာသူကလေးသည်
မည်သို့ ရှိလေမည်နည်း။ထိုမိန်းကလေးကို
ဗဟိုပြုလျက် ထန်းဓလေ့၊တောဓလေ့၊လူမှု
ဓလေ့များကို ရက်ဖောက်ရေးသားထားသော
ဝတ္ထုတစ်ပုဒ်ဖြစ်သည်။
အလွမ်းများကို ဘယ်အခါ ဘယ်ပုံဖြင့် ငြိမ်းစေ
သလဲ ဟူသည်ကို ဖတ်ရှုရပါမည်။မြန်မာ့ရိုးရာ
လူမှုအစဥ်အလာ ရေစီးထဲတွင် မျောပါခဲ့ရ
သော ရင်ခုန်ဖွယ်၊လွမ်းမောဖွယ်၊နာကြင်ဖွယ်၊
စိတ်ဝင်စားဖွယ်ရာ အချစ်ဇာတ်လမ်းလေး
တစ်ပုဒ်ဖြစ်သည်။