တိမ်ဝှက်ခံရတဲ့ကြယ်
အာကာခေတ်ပိုင်
3000 က်ပ္
‘တိမ်ဝှက်ခံရတဲ့ကြယ်’ စာရေးသူ - အာကာခေတ်ပိုင် တန်ဖိုး - ၃၀၀၀ (ပြည်တွင်း ပို့ခ အခမဲ့) စာမျက်နှာ - ၂၀၀ ဒီလမှာတော့ နောက်ထပ်ထွက်ရှိလာမဲ့ လုံးချင်းဝတ္ထုအသစ်စက်စက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာရေ
းဆရာ ''အာကာခေတ်ပိုင်" ရေးသားထားတဲ့ "တိမ်ဝှက်ခံရတဲ့ကြယ်" လုံးချင်းဝတ္ထုအသစ်လေးပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုထဲမှာတော့ တိုက်နယ်ဆရာဝန်လေးတစ်ယောက်ရဲ့ ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများကို နောက်ခံထားရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်. . . ဖာလိန်ရွာလေးမှာ ရက်စက်တဲ့ ကံကြမ္မာမုန်တိုင်းတွေကြားက အရွယ်မမယ် မိပလော့ထောတစ်ယောက်ရဲ့ ဘ၀ . . . “တိမ်ဝှက်ခံရတဲ့ကြယ်” ကျွန်တော့်စကားကိုကြားချိန်တွင် မေက ထိုသို့တိုးတိုးလေး ရေရွတ်သည်။ ထို့နောက် မျက်လုံးဝိုင်းလေးနှင့် ကျွန်တော့်ကို ကြည့် နေသည်။ ကျွန်တော် ဟက်ခနဲတစ်ချက်ရယ်ပြီး. . . “မေ နားရှုပ်သွားပြီလား။ ဒီလို မေရဲ့. . .ဟိုမှာ ကြည့်ပါဦး။ တိမ်တွေကွယ်ထားတော့ ကြယ်တွေရဲ့အလင်းရောင်ကို ကောင်းကောင်း မမြင်ရတော့ဘူး။ တိမ်တွေအောက်မှ ပျောက်ကုန်တယ်။ တိမ်ဝှက်ခံရတဲ့ ကြယ်တွေပေါ့။ တကယ်တော့ မိပလော့ထောဘဝဟာလည်း တိမ်ဝှက်ခံရတဲ့ကြယ်တွေလိုပဲ အလင်းပျောက်ခဲ့ရတယ်။ အင်း မိပလော့ထောလိုပဲ တိမ်တွေအောက်မှာ အလင်းပျောက်ခဲ့ရတဲ့ကလေးတွေ လောကကြီးမှာ ဘယ်လောက်တောင်ရှိနေမလဲ” စတဲ့ ဘဝရသမျိုးစုံကို ပေးစွမ်းထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ မျက်နှာဖုံးပန်းချီကိုတော့ ကိုဝလုံးက ရေးဆွဲပေးထားပါတယ်။
အာကာခေတ်ပိုင် စာအုပ္မ်ား
chevron_right
Privacy Policy