သင်ဟာ အစစအရာရာမှာ ဌာန်ကရိုဏ်းကျကျအောင်မြင်လိုတဲ့သူ ဖြစ်ချင်နေပြီ ဆိုပါစို့။
သင့်ရှေ့မှာရှိနေတဲ့ အဲဒီလိုအောင်မြင်တဲ့လူတွေရဲ့အမူအကျင့်တွေကို အသေးစိတ်သေချာစွာ သင် လေ့လာဖူးပါသလား။ အလု�
��်ကြိုးစားနေကြတာကို အလွယ်တကူတွေ့မြင်နိုင်ပေမယ့် အခြားသောစိတ်ပိုင်းဆိုင်ရာကိုတော့ မြင်နိုင်ဖို့ လွယ်ကူလှမယ် မထင်ပါဘူး။ ဘာကြောင့်လဲ။ သူတို့ လူငယ်ဘဝက သူတို့စိတ်တွေခိုင်မြဲဖို့ ဘယ်လိုလောကဓံတွေကို သင်ကြားခဲ့သလဲ၊ ဘဝသစ်တစ်ခုအတွက် ဘယ်လိုစိတ်တံခါးတွေကို တွန်းဖွင့်ခဲ့သလဲ၊ ဘာတွေကို စူးစမ်းရှာဖွေခဲ့သလဲ .... အဲဒီအချက်တွေက ကြည့်ရုံနဲ့ မမြင်နိုင်တဲ့အရာတွေဖြစ်နေလို့ပါပဲ။ ဒီတော့ အောင်မြင်တဲ့လူတစ်ယောက်ဟာ အလုပ်ကြိုးစားရုံတစ်ခုတည်းနဲ့ ရှေရှည်အောင်မြင်မှုမရနိုင်ဘူးဆိုတာကို သင် လက်ခံရပါလိမ့်မယ်။ ဟုတ်ပါတယ်။ လူတစ်ယောက် တည်ငြိမ်စွာအောင်မြင်ဖို့ဆိုတာဟာ ပြည့်ဝတဲ့လောကဓံသင်ခန်းစာနဲ့ လုပ်ငန်းကျွမ်းကျင်မှု ဆတူရောစပ်ထားမှသာရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဆရာမောင်မင်းစိုးက ဌာန်ကရိုဏ်းကျကျအောင်မြင်လိုကြပြီး လူရာဝင်ဆန့်ချင်နေကြတဲ့ လူငယ်တွေအတွက် လောကဓံသင်ခန်းစာ ဘယ်လိုသင်ယူကြရမလဲဆိုတာကို တစ်ပုဒ်ချင်း မီးမောင်းထိုးပြထားပါတယ်။ ကမ္ဘာကျော်ဇင်ပုံပြင်တွေကိုမှီငြမ်းကိုးကားပြီး လေးလေးနက်နက်တွေးလို့ရအောင် ဆင့်ပွားရေးသားထားပါတယ်။