ဒီစာအုပ်ဟာ ဆရာမောင်မင်းစိုးရဲ့(၂၉)အုပ်မြောက်စာအုပ်ဖြစ်ပါတယ်။ ဆရာမောင်မင်းစိုးဟာ လူငယ်တွေကို လမ်းညွှန်ပေးတဲ့နေရာမှာ တရားဓမ္မနဲ့ယှဉ်ပြီး ပြောဆိုဆုံးမလေ့ရှိပါတယ်။ အဲဒီလို ပြောဆိုဆုံး�
��လမ်းညွှန်ပေးမှုကြောင့်လည်း ပရိသတ်အကြိုက်ဖြစ်ခဲ့ရပါတယ်။ ယခုစာအုပ်မှာလည်း လူငယ်တွေအတွက် ဓမ္မနဲ့ယှဉ်တဲ့ ခွန်အားဖြည့်ဆောင်းပါးတွေကို အထူးထည့်သွင်းထားပါတယ်။ “လူငယ်နဲ့လျှောက်ရမယ့်လမ်း”ခေါင်းစဉ်နဲ့ စီးရီးလိုက်ရေးသားထားတဲ့ ဆောင်းပါး၊ “ဘဝနေနည်းလမ်းညွှန်” ခေါင်းစဉ်နဲ့စီးရီးလိုက်ရေးသားထားတဲ့ ဆောင်းပါး၊ အဲဒီခေါင်းစဉ်နှစ်ခုကို အပိုင်း(၂)ပိုင်းခွဲပြီး တင်ပြထားပါတယ်။ ဒါပေမယ့် စာဖတ်သူတွေ ငြီးငွေ့မသွားအောင် အခန်းစဉ်တွေကို တစ်ပုဒ်နဲ့တစ်ပုဒ်ချိတ်ဆက်ရေးသားထားပါတယ်။ “ကျောင်းသားဆိုတော့ ကျောင်းစာထဲမှာ စိတ်ကိုမြှုပ်နှံထားဖို့ပါပဲ။ အဲဒီလို မဟုတ်ဘဲ မိဘဆီက လက်ဖြန့်တောင်းပြီးတော့ ကိုယ့်အနေနဲ့ တစ်နှစ်သာကုန်သွားတယ်၊ အတန်းတစ်ခုတက်ဖို့လောက်တောင်မှ မကြိုးစားချင်ဘူးဆိုရင် ကိုယ့်တာဝန်ကို မကျေပွန်ခြင်းပါပဲ” “တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ဒီမိုကရေစံနှုန်းတစ်ခုပါပဲ။ ဒါဟာ အရေးကြီးတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ မိမိကိုယ်ကို တာဝန်ယူမှုရှိခြင်းဟာ ကောင်းမွန်တဲ့လူသားတစ်ဦးရဲ့ အခြေခံစရိုက်လက္ခဏာ တစ်ခုပါပဲ” အချို့ဆောင်းပါးတွေမှာ အဲဒီလို လူငယ်လေးတွေအတွက် လျှောက်ရမယ့်လမ်းအကြောင်း ထည့်သွင်းရေးသားထားပြီး - “ကလေးရဲ့အတွေးနဲ့ မိဘကို ပြန်လည်ပြီးတော့ မီးမောင်းထိုးပြသွားတာကတော့ အရွယ်နဲ့လိုက်ပြီးတော့ ချုပ်ကိုင်မှုတွေကိုလည်း လျော့သင့်ရင် လျော့ရမယ်ဆိုတာပါ” “မိဘတိုင်းကတော့ ကိုယ့်သားသမီးတိုင်းလိုလို မျက်စိအောက်က မပျောက်ချင်ကြပါဘူး။ ဒါပေမယ့် ဒါဟာ ထိန်းချုပ်ထား ရမယ့်အရာဝတ္ထု မဟုတ်ပါဘူး။ ထိန်းချုပ်ထားတယ်ဆိုရင် ကလေးပြောသလို အတ္တကိုပဲ ရှေ့တန်းတင်ပြီး ငါ့သမီး ငါ့သားပဲ ငါမောင်းချင်သလို မောင်းမယ် ဆိုရင်တော့ သိပ်ပြီး ဟန်မကျလှပါဘူး” အချို့ဆောင်းပါးတွေမှာကျတော့ လူငယ်တွေရဲ့မိဘတွေကို ပြန်လည်အလင်းပြထားတဲ့ ဘဝနေနည်းလမ်းညွှန်တွေ ပါဝင်ပါတယ်။