ရွာဘိသည်လည်း ရင်ထဲမိုး
ကိုသီကိုဟ
4500 က်ပ္
စာရေးသူ - ကိုသီကိုဟ စာမျက်နှာ - ၃၃၈ ‘ခြယ်လေ … စကော့တလန်နဲ့ အီတလီက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရဲတိုက်ကြီးတွေ ဘုရားရှိခိုးကျောင်းကြီးတွေ ရောက်ဖူးခဲ့ပါတယ်။ သူတို့ရဲ့အပြင်ပန်းတွေသာမက အတွ�
�်းပိုင်းက အံ့မခန်း လှပတဲ့ အဆင်တန်ဆာတွေကို တွေ့ခဲ့ဖူးပေမယ့် ဟောသည့် ပုဂံလို ခြယ့်စိတ်ကို မညို့ယူနိုင်ခဲ့ဘူးလေ …’ ဆိုတဲ့ ပန်းမြတ်ခြယ်။ ‘အဲဒါ Patriotism (မျိုးချစ်စိတ်)လေ။ ဒေါ်ခြယ် ဘယ်မှာပဲနေနေ ကျွန်တော် ဘယ်ကိုပဲ ရောက်ရောက် ကျွန်တော်တို့ အသွေးအသားထဲ စီးဝင်နေတာ မြန်မာဆိုတဲ့ သွေးပဲလေ …’ ဆိုတဲ့ သိင်္ခ။ ဆရာဝန် စာရေးဆရာ ကိုသီကိုဟရဲ့ ဒုတိယမြောက် လုံးချင်းဝတ္ထုရှည် ဖြစ်ပါတယ်။ မြန်မာဆန်တဲ့ စာအုပ်ခေါင်းစဉ်၊ ပုဂံပြည်ရဲ့ အငွေ့အသက်၊ ပန်းမြတ်ခြယ်၊ သိင်္ခ၊ ပုဂံ။ မိုးခေါင်ရေရှားဒေသက ပူပြင်းခြောက်သွေ့တဲ့ ပုဂံ၊ ခေတ်အဆက်ဆက် ပျိုးထောင်ခဲ့တဲ့ စိမ်းလန်းစိုပြေရေး စီမံကိန်းတွေကြောင့် ယနေ့ လှပနေတဲ့ ပုဂံ၊ ဒီလို အထင်ကရ ပုဂံဟာ လွန်ခဲ့တဲ့ နှစ်သက်တမ်း သုံးကုဋေခန့်က သဲကန္တာရတစ်ပိုင်း ဖြစ်နေခဲ့တဲ့ ပုဂံ။ ပုဂံသမိုင်းကြောင်းနဲ့ ခေတ်ပုံရိပ်ကို တစ်ကန့်စီ ဖော်ကျူးပြီး ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းမှာ ဘာသာတရားကိုင်းရှိုင်းသလို မိခင်အပေါ် ချစ်ခင်ရိုသေပြီး ချစ်သူအပေးလည်း အသက်စွန့်မေတ္တာနဲ့ ချစ်တဲ့၊ အမျက်မာန်ကြီးတဲ့ စောမင်းလှ မင်းသမီး၊ ပန်းမြတ်ခြယ်နဲ့ သိင်္ခတို့ရဲ့ ၂၁ရာစု အချစ်ဇာတ်လမ်း၊ ဘယ်လို ဆက်စပ်ပတ်သက်မှုတွေလဲ ဆိုတာတော့ ဆက်လက်ဖတ်ကြည့်ကြပါဦး စာချစ်သူတို့ရေ။
ကိုသီကိုဟ စာအုပ္မ်ား
chevron_right
Privacy Policy