သက်တံ့တွေရဲ့ အဆုံးမှာ....
ကိုသီကိုဟ
3500 က်ပ္
စာရေးသူ - ကိုသီကိုဟ
စာမျက်နှာ - ၂၇၁
‘တကယ်တော့ သက်တံ့ဆိုတာ သဘာဝရဲ့ အတုအယောင် မာယာတစ်မျိုးပဲ။ တကယ်မရှိတဲ့ သက်တံ့တွေကို ရှိနိုးနိုးနဲ့ ပျော်ရွှင်မှုနောက်လိုက်သူတွေသာ အဆုံးသတ်မှာ ကြေကွဲမှ
ုပါတဲ့ နောင်တတွေကို ရကြမှာ …’ ဆိုတဲ့ အဂ္ဂမင်းမာန်။
‘ငါ့အမြင်မှာ လှရင် သက်တံ့ဆိုတာကို အတုအစစ် ခွဲခြားမနေချင်ဘူး။ ငါ့ရင်ထဲမှာလည်း ဘယ်သူမှ မသိအောင် သက်တံ့တစ်စင်း ထွန်းနေခဲ့တယ်။ ငါ့ရင်ထဲက သက်တံ့ဟာ တကယ်မရှိလေတဲ့အရာ ဖြစ်ပါစေ။ ငါ့အတွက်တော့ လှနေတယ်။ ပျော်ရွှင်စေခဲ့တယ်။ ဒါပေမဲ့ ငါ့ရင်ထဲက သက်တံ့ကိုလည်း အပြင်က သက်တံ့တွေလို ဘယ်အချိန်ပျောက်သွားလေမလဲလို့ ရင်တထိတ်ထိတ်နဲ့ စောင့်နေရတဲ့ အချိန်တွေကို ငါ မုန်းတယ်’ ဆိုတဲ့ လင်းမြတ်ဟိန်း။
နိုင်ငံခြားထွက်သွားတဲ့ လင်းက ယောကျ်ားချင်း မတရားအနိုင်ကျင့်ခံခဲ့ရတဲ့အထိ အဖြစ်ဆိုးခဲ့ပြီးနောက်မှာ ယောကျ်ားဘဝကနေ မိန်းမဘဝပီပြင်တဲ့အထိ ခွဲစိတ်ပြုပြင်လို့ မိန်းမလှတစ်ယောက်အဖြစ် ကိုယ့်နိုင်ငံ ပြန်လာပြီး အဂ္ဂနဲ့ နီးစပ်ဖို့ ကြိုးစားတဲ့အခါ အဂ္ဂက လင်းမှန်း သိသွားပြီး ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ဆက်လက်ဖတ်ကြည့်ပါဦး။