ရောင်းတိုင်းစွံတဲ့ ပညာသည်အရောင်းသမား
ဒေါက်တာကျော်စိန်
1200 က်ပ္
စာရေးသူ - မောင်ပေါ်ထွန်း (မြန်မာပြန်) စာမျက်နှာ - ၁၁၅ Promad Batra ရဲ့ Selling is A Noble Profession ကို ဆရာမောင်ပေါ်ထွန်းက ‘ရောင်းတိုင်းစွံတဲ့ ပညာသည် အရောင်းသမား’ ဆိုတဲ့အမည်နဲ့ မြန်မာဘာသာ ပြန်ဆိုပြီး ရာပြည့်စာအုပ
်တိုက်ကနေ ထုတ်ဝေလိုက်တဲ့ စာအုပ်သစ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ နိဒါန်းချီမှုအပြီး … ရောင်းချခြင်း အဆင့်ခြောက်ဆင့်၊ ရောင်းသူဝယ်သူ သိထားရန် အချက်ငါးချက်၊ ဆက်သွယ်ရေးကောင်းရန် အရိပ်နိမိတ်လေးပါး၊ အရောင်းပြခန်းအတွက် ကျင့်ဝတ်ခြောက်ပါး၊ စာပို့စနစ်ဖြင့် ဖောက်သည်ရှာနည်း သုံးမျိုး၊ ပြိုင်ဘက်ထက် အရောင်းစွံနည်း ခြောက်နည်း၊ အရောင်းသမားအတွက် ဇာတ်လမ်းခုနစ်ပုဒ်၊ ဝယ်သူက အချက်ဆယ်ချက်ဖြင့် ငြင်းလျှင်၊ ရောင်းတိုင်းစွံနည်း လျှို့ဝှက်ချက် … စတဲ့ အခန်း (၉)ခန်း ပါဝင်ပြီး တစ်ခန်းခြင်းစီအလိုက် ရှင်းလင်းချက်တွေကို သရုပ်ဖော်ပုံတွေနဲ့ ဖော်ပြပေးထားတာမို့ ဖတ်ရှုရ အဆင်ပြေလွယ်ကူတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ‘ပညာသည် အရောင်းသမားက ဝယ်မယ့် အလားအလာရှိသူ (ဒါမှမဟုတ်) ဝယ်သူကို ပထမဦးဆုံး စဉ်းစားတယ်။ နောက်ဆုံး စဉ်းစားတယ်။ အမြဲတမ်း စဉ်းစားတယ်။ ကိုယ့်ပစ္စည်းစွံဖို့က ဝယ်သူအပေါ်မှာ တည်တာမို့ ဝယ်သူကို အလေးထား စဉ်းစားတယ်။ လခတို့ ကော်မရှင်တို့ ဆိုတာက ကိုယ့်ကုန်စွံရင် ကျွဲကူးရေပါ အလိုအလျောက် ပေါ်ပေါက်လာလိမ့်မယ်လို့ ခံယူတယ်’ ဒီလို ခံယူချက်တွေနဲ့ ရောင်းတိုင်းစွံတဲ့ ပညာသည်အရောင်းသမား စာအုပ်ကို ဆက်လက်ဖတ်ကြည့်ပြီး စီးပွားရေး အရောင်းအဝယ်နယ်ပယ်အတွက် အကြံဉာဏ် အတွေးအမြင်တွေ ရယူလိုက်ကြပါစို့လား။
ဒေါက်တာကျော်စိန် စာအုပ္မ်ား
chevron_right
Privacy Policy