သင့်ဘဝတွက်တာ အသုံးချစိတ်ပညာ
ဒေါက်တာကျော်စိန်
1500 က်ပ္
စာရေးသူ - ဒေါက်တာကျော်စိန် စာမျက်နှာ - ၁၉၉ ဒေါက်တာကျော်စိန် ရေးသားပြုစုတဲ့ ‘သင့်ဘဝတွက်တာ အသုံးချစိတ်ပညာ’ ဆိုတဲ့ စာအုပ်သစ်လေးကို ရာပြည့်စာအုပ်တိုက်ကနေ ၂၀၁၉၊ မတ်လမှာ စတုတ္ထအကြိမ်အဖြစ် စ
ာချစ်သူတို့လက်ထဲ ပေးပို့လိုက်ပါပြီ။ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာအချို့ကို ညွှန်းဆိုရရင်တော့ … ‘အိမ်ထောင်ဘက် ရွေးချယ်ခြင်း (လိင်ဆိုင်ရာ ကျေနပ်မှု၊ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များ၊ စေ့စပ်ကြောင်းလမ်းသည့် ကာလ၊ စိတ်သဘောထား တိုက်ဆိုင်အောင် ညှိနှိုင်းခြင်း)၊ အိမ်ထောင်သာယာရေး လမ်းညွှန် (ရင်ဆိုင်ရမည့် အစစ်အမှန်တရား၊ ပဋိပက္ခ ဖြေရှင်းနည်းများ၊ အိမ်ထောင်ပြိုကွဲခြင်း၊ သာယာပျော်ရွှင်သော မိသားစု)၊ ဘဝပြဿနာများကို ဖြေရှင်းနည်း (ဘဝဒဏ်ကို ရင်ဆိုင်ခြင်း၊ လိုဘမပြည့်ခြင်းကို တုံ့ပြန်ပုံများ၊ ပန်းတိုင် အစားထိုးခြင်း)၊ အလုပ်အကိုင်အတွက် ပြင်ဆင်ခြင်း (အလုပ်ရွေးချယ်ခြင်း၊ စိတ်ဝင်စားမှု၊ အထုံဝါသနာနှင့် စွမ်းရည်ထူးများ၊ မိမိအရည်အချင်းကို ကိုယ်တိုင် အကဲဖြတ်ခြင်း) … စသည့် အောင်မြင်ပျော်ရွှင်သော ဘဝနေနည်း အတတ်ပညာများ’ စတဲ့ အကြောင်းအရာတွေအလိုက် အသေးစိတ် ရှင်းလင်းဖော်ပြမှုတွေ ပါဝင်တာမို့ စာချစ်သူတွေ လက်မလွှတ်စတမ်း ဖတ်ရှုထားသင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ညွှန်းဆိုလိုက်ပါတယ်။
ဒေါက်တာကျော်စိန် စာအုပ္မ်ား
chevron_right
Privacy Policy