စာရေးသူ - စိုးဘားဒိုင်
စာမျက်နှာ - ၃၅၉
‘၂၀၁၄ ခုနှစ်က စိတ်ကူးချိုချိုက ထုတ်ဝေခဲ့တဲ့ ရေမျောကမ်းမဲ့ပွဲတော်ဟာ ဈေးကွက်ထဲမှာ မတွေ့သလောက် ရှားသွားပြီ ဖြစ်ပါတယ်။ ဒါဖတ်ပြီးမှ ထိုင်းနိုင်ငံ၊ ရန�
�ာင်းမှာ အလုပ်သွားလုပ်ပါလို့ မညွှန်းလိုပေမယ့် ဒီစာအုပ်က ရနောင်းမှာ အလုပ်သွားလုပ်နေကြတဲ့ မြန်မာတွေအချို့ရဲ့ အတွေ့အကြုံတွေအဖြစ် ဖတ်ကြရပါမယ်။ ထိုင်းနိုင်ငံမှာ လုပ်ခပိုရလို့ သွားရောက်လုပ်ကိုင်နေကြတာကို အပြစ်လိုပြောပြီး မတားလိုပါ။ အလုပ်သွားလုပ်တာနဲ့ ကျွန်ခံတာ ကွဲကွဲပြားပြား ရှိဖို့ လိုပါတယ်။ ရေမျောကမ်းမဲ့ပွဲတော် ထဲက ဇာတ်ကောင်တွေရဲ့ အတွေ့အကြုံတွေကို ဖတ်ရှုခံစား ဆင်ခြင်ကြည့်စေချင်ပါတယ်’
ဆိုတဲ့ ဆရာစိုးဘားဒိုင်ရဲ့ ဒုတိယမြောက် အမှာစာနဲ့အတူ အိပ်မက်အသစ်စာပေကနေ ဒုတိယအကြိမ် ထွက်ရှိလာတဲ့ ‘ရေမျောကမ်းမဲ့ပွဲတော်’ ဝတ္ထုရှည် ဖြစ်ပါတယ်။ မြန်မာ-ထိုင်း နယ်စပ် ကော့သောင်းမြို့ တစ်ဖက်ကမ်း ရနောင်းရပ်ကွက်တွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြရတဲ့ မြန်မာလူငယ်တွေအကြောင်းကို ဖန်တီးပုံဖော်ထားတဲ့ သရုပ်မှန် ဝတ္ထုရှည်ပါ။