ကျွန်တော်တို့တစ်တွေ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး တစ်ခုအဖြစ် ကိုယ်ချင်းစာတတ်ခြင်းဆိုတာ ရရှိခဲ့ပါတယ်။ အဲဒီ ကိုယ်ချင်းစာတရား ကို နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ကြရတဲ့ ယောက်ျားလေးတွေ၊ မိန်
းကလေးတွေ အပေါ်မှာ ထားနိုင်ဖို့ ဒီစာအုပ်လေးက အထောက်အကူ ပြုနိုင်ပါတယ်။
မိဘနှစ်ပါး အတူမနေကြရတဲ့ ၊ ခွဲခွာနေကြရတဲ့ မိသားစုက ကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရှိတတ်ကြတယ် ။ တချို့က ပေတုံးပေါ်က သံတွေသံခဲလို မာကျောသွားကြတယ် ။ တချိူ့ကျတော့ ပတ်ဝန်းကျင် နဲ့ လူသူစိမ်းတွေကို ကြောက်ရွံ့ သွားတတ်တဲ့ ယုန်သူငယ်လေး လို ဖြစ်သွားတတ်တယ်။ အဲဒီလို မိသားစု တစ်ခုထဲက မွေ့မွန် ဆိုတဲ့ ကောင်းမလေး တစ်ယောက်ရဲ့ နာကျင်မှု နဲ့ ဖြတ်သန်းမှု တွေကို ကြည့်မယ် ဆိုရင်... ။
သူစိမ်း တစ်ယောက်လို တစ်ခါတစ်ရံ မှ လာတွေ့တတ်တဲ့ အဖေကို စိတ်ထဲ နာကျဉ်းနေတဲ့ မွေ့မွန် ဟာ အမေတစ်ယောက်သာ မှီတွယ်ရာရှိတဲ့ ကမ္ဘာကျဉ်းကျဉ်းလေး ထဲမှာပဲ ရှင်သန်နေသူပါ ။
လူ့လောကကို သူ စရောက်ကတည်းက အမေနဲ့ သူ့ကို ပစ်ထားတယ် ဆိုပြီး အဖေကို စိတ်နာနေခဲ့တာ.။ အဖေနဲ့ ဝေးနေသူ သမီးလေးကို မာကျော ကြံ့ခိုင်စေချင်တဲ့ မေမေ ရဲ့ တွန်းအားတွေဟာ မွေ့မွန် ကို တစ်သက်သာ နာကျင်နေတဲ့ သစ်ရွက်ဝါလေး တစ်ရွက်လို ဖြစ်သွားစေတယ် ။
ချစ်ပင် ချစ်ငြားသော်လည်း သမီးကို စိတ်ဓာတ် ကြံ့ခိုင်စေချင်တဲ့ အမေက ခပ်စိမ်းစိမ်း နေပြလိုက်လို့ အမေကိုပါ မွေ့မွန် တစ်ယောက် စိတ်နာသွားခဲ့တယ် ။
တက္ကသိုလ် တက်နေတဲ့ တစ်ချိ:န်လုံး မေမေ့ အစီအစဉ် ကြောင့် ဇာတိမြို့ကို မပြန်ရဘဲ စာမေးပွဲပြီးမှ မော်လိုက်ကို အဖေနဲ့ အတူ ပြန်လာရတယ် ။ သတင်းဆိုးတစ်ခု ကို နောက်ဆုံးမှ သိရသူ အဖြစ် မွေ့မွန် ခံစားလိုက်ရတယ် ။ မွေ့မွန် ချစ်ရတဲ့ မေမေ ကင်ဆာရောဂါ နဲ့ ဆုံးသွားပြီတဲ့လေ ။ တစ်လောကလုံးကို စိတ်နာသွားတဲ့ မွေ့မွန် ၊ မိခင်ကို တွယ်တာလွန်းသူလေး မွေ့မွန် တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ အဖေ နဲ့ တကွ နိုင်ငံကိုပါ စွန့်ခွာပြီး အရှေ့အလယ်ပိုင်းက ယူအေအီးနိုင်ငံ ကို ထွက်သွားပါတော့တယ် ။
ယူအေအီးနိုင်ငံ က အယ်လင်းမြို့ကို မိဝေးဖဝေး သွားပြီး အလုပ်လုပ်နေကြတဲ့ လှောင်ချိုင့်ထဲက မြန်မာ ခိုလေးတွေရဲ့ ဘဝဇာတ်ကြောင်း အစုံစုံကို မွေ့မွန် သိလာရတယ် ။ သူတို့ လုပ်ငန်းခွင်မှာ တွေ့ကြုံရပုံတွေ ၊ နေရာဒေသ အသီးသီးက ဝေဒနာအသီးသီး နဲ့ လာကြရတဲ့ ဇာတ်ကြောင်းတွေဟာ စိတ်ဝင်စားစရာပါ ။
စိတ်သန္တန်ရဲ့ အောက်ဆုံးအလွှာမှာ ခိုကပ်နေတဲ့ ၊ နက်ရှိုင်းတဲ့ ၊ နာကျင်မှုကလာတဲ့ အထီးကျန်ဝမ်းနည်းမှုတွေ အကင်းမသေနိုင်သေးတဲ့ မွေ့မွန် ဟာ လုပ်ဖော်ကိုင်ဖက် တွေရဲ့ ဘဝ ပြဿနာ အဖုံဖုံကို သိရပြီးနောက် လောကကြီးမှာ မိမိ တစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူး ဆိုတာ သိသွားပါတယ် ။
ချင်းတွင်းမြစ် အထက်ပိုင်းက မော်လိုက် မြို့လေးက မွေ့မွန် ဆိုတဲ့ ကောင်မလေး တစ်ယောက် ရဲ့ အကင်းမသေနိုင်သေးတဲ့ အထီးကျန်ဝမ်းနည်းမှုတွေနဲ့ အတူ အရုပ်မြို့တော်လို့ မွေ့မွန် တင်စားထားတဲ့ ယူအေအီးနိုင်ငံ အထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ် ။
ဒီစာအုပ်ကလည်း မတ်လ (၄)ရက်နေ့မှာ မဟာစာပေကနေ ထွက်ရှိလာတော့မှာမို့ ကြိုတင်အမှာများ မှာယူလို့ ရပါပြီ။