တစ်ဘဝဒဏ်ရာ
ဆေးဆေ
3000 က်ပ္
ချစ်ခြင်းကြောင့် ဆင်းရဲခြင်း ဖြစ်ရတယ် ကိုယ်စိတ်နှစ်ပါး ဆင်းရဲရတာဟာ ချစ်ခြင်းကြောင့်သာ ဖြစ်ရတယ် ၊ ချစ်ခြင်းသာ အမွန်အစ ဖြစ်တယ်လို့ တရားတော်မှာ ပါပါတယ် ။ အချစ်နဲ့ မကင်းကြတဲ့ လူသားတွေဟာ ခ�
�စ်ခြင်းကြောင့် ဆင်းရဲကြရတာ အမှန်တရား ပါပဲ ။ ချစ်ခြင်း ဆိုတာမှာလည်း ၁၅၀၀ အချစ်ကြောင့်မှ ဆင်းရဲခြင်း ကြုံရတာ မဟုတ်ပါဘူး ။ ၅၂၈ မေတ္တာ ကြောင့်လည်း ဆင်းရဲခြင်း ကို ကြုံတွေ့ကြရပါတယ် ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ အနီးက ၊ မြစ်သာမြစ် နား ၊ သာယာကုန်းရွာလေးက လူနေမှုဘဝတွေ ။ သူတို့ ဝမ်းစာ ဘယ်လို ရှာကြသလဲ ၊ ခေတ်ဆိုး စနစ်ဆိုးကြီး အောက်မှာ ရှင်သန်နေကြရတဲ့ လူတွေရဲ့ ပင်ပန်း ခက်ခဲရတဲ့ ဘဝတွေ ။ ရေနံထွက်လို့ ရေနံမှော် လုပ်ကြ ၊ ထုံးဖုတ်ကြ ၊ သစ်လုပ်ငန်း လုပ်ကြနဲ့ စုံလင်လှတဲ့ ဘဝများ။ ရင်မောစရာ ထိုထို ဘဝတွေကြားက မေတ္တာ စမ်းချောင်းလေးပမာ သက်လယ် ဆိုတဲ့ ကောင်းမလေးရဲ့ သူ့ မောင်လေး ပိုးလုံးလေး အပေါ် ထားတဲ့ မေတ္တာတရားဟာ ကြည်လင်အေးမြတဲ့ စမ်းရေ ပမာ အေးမြ လှပ နေပါတယ် ။ နတ်ကိုးကွယ်မှုကို အယုံကြည်လွန်ပြီး အယူသီး အစွဲအလမ်းကြီးတဲ့ အဘွား ။ ခေါင်းမာပြီး တစောက်ကန်း လုပ်တတ်တဲ့ ဖေဖေ ။ ရပ်ရွာအကျိုးအတွက် တစ်ပြားတစ်ချပ် မှ ခံစားခွင့် မယူဘဲ မှန်မှန်ကန်ကန် လုပ်တတ်လို့ လူအချို့ရဲ့ မုန်းတီးခြင်း ခံရသူ တစ်ဦးလည်း ဖြစ်တယ် ။ မိသားစုကိုပါ ကျိန်စာတိုက် ခံရတဲ့ အထိ ဖေဖေ အောင်ကျော်ဇော ကို တချို့က မုန်းကြတယ် ။ လင်ယောက်ျား နဲ့ သားသမီး အတွက် ယောက္ခမ ဖြစ်သူ ညွှန်ကြားသမျှ လိုက်လုပ်ပေးရတဲ့ မေမေ ။ မောင်ကလေး ပိုးလုံးလေး မွေးကတည်းက ချစ်စဖွယ် မောင်လေးကို အသက်နဲ့အမျှ ချစ်ရတဲ့ အစ်မ သက်လယ် ။ အရွယ်မတိုင်ခင် ကတည်းက အဖေ့အလုပ်ကို ကူညီချင်စိတ် အမြဲရှိတဲ့ သားလိမ္မာလေး ပိုးလုံးလေး ။ သူတို့ မိသားစု အပေါ် ရိုက်ခတ်လာတဲ့ လောကဓံ မုန်တိုင်းထဲမှာ မောင်ကလေး အပေါ် ချစ်တဲ့စိတ်နဲ့ သက်လယ် တစ်ယောက် ပင်ပန်း ဆင်းရဲခဲ့ရတယ် ။ တစ်ဘဝစာဒဏ်ရာ ပိုင်ရှင် သက်လယ် ရယ်လေ ။ ကလေးမြို့ နားက သာယာကုန်း ရွာ ရဲ့ လူမှု စီးပွားရေးတွေ ၊ ရေနံမှော် မှာ ရုန်းကန်ကြရတဲ့ ဘဝတွေ ။ အဲဒီ လူတွေ မျှော်လင့်ချက် အပြည့်နဲ့ ဆင်းရဲပင်ပန်းစွာ ရေနံတူးကြရတဲ့ ဇာတ်လမ်းတွေ ။အဆိုးထဲက အကောင်းဖြစ်တဲ့ မောင်နဲ့ နှမ ရဲ့ ကြည်နူးဖွယ် ချစ်ခြင်း မေတ္တာတရား တွေကို ဆရာမ ဆေးဆေ က သပ်ရပ် လှပစွာ ရေးဖွဲ့ထားပါတယ် ။ ပထမ တစ်အုပ်တုန်းကလိုပဲ နိုင်ငံခြား နောက်ခံ စိတ်ဝင်စားစရာ အဖြစ်အပျက် တွေပါ ရောမွှေထားပြီး ချစ်ခြင်းမေတ္တာ ရဲ့ အခြားသော ရှုထောင့်တစ်ခုကို ထူးခြားစွာ ရေးဖွဲ့ထာတဲ့ ဒီ ဇာတ်လမ်းလေးဟာ စဖတ်မိလိုက်ရင် စာအုပ်ကို လက်က မချနိုင်အောင်ပဲ စာဖတ်သူကို ဆွဲခေါ်သွားမှာပါ ။ ဖွေရှာမောရသူမယ် စာအုပ်နဲ့ လုံချင်းလောကမှာ ပွဲထွက်ကောင်းခဲ့တဲ့ ဆရာမ ဆေးဆေရဲ့ ဒုတိယမြောက် လက်ရာ ၊ ပင်ကိုရေး ဝတ္ထု အသစ်တစ်ပုဒ် ဖြစ်ပါတယ် ။
ဆေးဆေ စာအုပ္မ်ား
chevron_right
Privacy Policy