‘ဆရာဇော်ဂျီကို လွမ်းသည် ဟု ကျွန်တော် ဆိုလိုက်ပါသည်။ အမှတ်ရတာ၊ သတိရတာမျိုး မဟုတ်။ တကယ့်ကို ဆွေးဆွေးနင့်နင့် မကြာခဏ လွမ်းမိတတ်ပါသည်။ ဖြစ်ရပ်တစ်ခုခု၊ ပြဿနာတစ်ခုခု စသည်အားဖြင့် တစ်စုံတစ်�
�ု ကြုံလိုက်မိလျှင် ဆရာဇော်ဂျီဆိုရင် ဘာပြောလေမလဲ စသည်ဖြင့်လည်း သတိရမိတတ်ပါသည်။ ဆရာဇော်ဂျီနှင့် ကျွန်တော် ဆက်ဆံပုံမှာ ဆရာတပည့် ဆက်ဆံရေးပဲပေါ့။ သို့သော် သာမန်ဆရာတပည့် ဆက်ဆံရေးထက် ပိုမိုရင်းနှီးခဲ့သည်ဟု ဆိုချင်ပါသည်။ သာမန်ဆရာတပည့် သွန်သင်ပုံမျိုးထက်လည်း ပိုမိုသွန်သင်ပေးခဲ့ရှာသည်ဟုလည်း လွမ်းတခြင်း ဖြစ်မိပါသည်။’
ဒီလို နိဒါန်းပျိုးထားတဲ့ အမှတ်တရစာစုတွေ။ ဆရာအောင်သင်းဟာ သူနဲ့ ဆရာဇော်ဂျီတို့အကြားက ပတ်သက်မှု၊ တွယ်တာမှု၊ ရင်းနှီးမှု၊ အမှတ်တရ အဖြစ်အပျက်တွေ များစွာကို ရေးသားထားတဲ့ စာတစ်အုပ်ပဲ ဖြစ်ပါတယ်။