ဖောရက်စ်ဂမ့်
လင်းခန့်
4500 က်ပ္
Forest Gump ဆိုရင် . .. အော်စကာဆုတွေ အများကြီး ရထားတဲ့ ၊ မင်သားကြီး Tom Hank ပါတဲ့ ဇာတ်ကားကို သတိရသွားမှာ သေချာတယ် ။ IMDB rating တော်တော် မြင့်မြင့် ရထားတဲ့ ဒီဇာတ်လမ်း ကို တော်တော်များများ လည်း ကြည့်ဖူးကြမှာပါ ။
ဒီတော့ ဇာတ်လမ်း အစအဆုံး သိပြီးသား စာအုပ်ကြီးပါလို့ ထင်နေရင်တော့ လွဲနိုင်ပါတယ်ဗျ ။ ၁၉၈၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဒီဝတ္ထု က ပထမတော့ Best Seller ဝတ္ထု တစ်ပုဒ် မဖြစ်ခဲ့ဘူး ။ ၁၉၉၄ ကျတော့မှ ဖောရက်စ်ဂမ့် နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ပြီး ဝက်ဝက်ကွဲ အောင်မြင်သွားတယ် ။ အောင်မြင်တဲ့ ရုပ်ရှင်ကား ကြောင့် မူရင်းဝတ္ထု ဟာလည်း စောင်ရေ ၂သန်းကျော် ရောင်းခဲ့ရပြန်တယ် ။ ကျွန်တော်တို့ နေ့စဉ် ဖြတ်သန်းနေရတဲ့ လောကကြီးထဲမှာ လူတိုင်းလိုလို တလွဲတချော် ဟာသ ဖြစ်ရပ်တွေကို ကြုံဖူးကြမှာပါ ။ တလွဲတချော် ဖြစ်ရပ်တွေ ကို တမင်တကာ မရယ် ရယ်ရအောင် ရေးရင်တော့ ဖတ်လို့ မကောင်းဘူး ။ ဒါပေမဲ့ သူ့ကိုယ်သူ ထူးတဲ့ အရူးတစ်ယောက် လို့ ထင်နေတဲ့ ဖောရက်စ်ဂမ့် ရဲ့ လုပ်ရပ်တွေဟာ ရယ်မောစရာ သဘာဝကျကျ အလွဲတွေ ဖြစ်နေတတ်တယ် ။ သူကတော့ ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိဘူး ဆိုပဲ ။ ဖောရက်စ်ဂမ့် ရုပ်ရှင်ဟာ ဝတ္ထု ရဲ့ သုံးပုံ တစ်ပုံကိုပဲ တင်ပြနိုင်ခဲ့ပါတယ် ။ မူရင်းဝတ္ထု ထဲက ဖောရက်စ်ဂမ့် ဟာ သူ့ကိုယ်သူ အရူး လို့ သူ လက်ခံထားတယ် ။ အဲဒီ အရူး က လူကောင်းတွေထက် တစ်မူးသာ နေတာပဲ ရှိတယ် ။ သူက ဉာဏ်ရည်မြင့်တဲ့ သင်္ချာ ပညာရှင် အရူးတစ်ယောက် ပဲ ။ လူပျိုပေါက် ဖြစ်စမှာပဲ အရပ်က ၆ပေ ကျော်နေပြီ ။ ဖောရက်စ်ဂမ့် က အရူးကျောင်းလို့ သူ့ဘာသာ နာမည်ပေးထားတဲ့ ကျောင်းမှာ နှစ်အနည်းငယ် တက်ခဲ့တယ် ။ နောက်တော့ အမေရိကန် ဖွတ်ဘော ကစားရင်း ကျောင်းတက်ဖို့ သူ့ကို ကောလိပ်ကျောင်း တစ်ခုက လာခေါ်သွားတယ် ။ အမေရိကန် - ဗီယက်နမ် စစ်ပွဲဖြစ်တော့ စစ်တပ်ထဲဝင်ရပြီး ဗီယက်နမ် ရောက်သွားရော ။ *အမေရိကန် ဖွတ်ဘော ကစားသမားတွေ ထဲမှာ အပြေးအသန်ဆုံး ... *ဗီယက်နမ်စစ်ပွဲမှာ ဒဏ်ရာရ စစ်သား အများအပြား ကို ကယ်တင်နိုင်ခဲ့သူ ... *အမေရိကန် သမ္မတ နှစ်ဆက်တိုင်တိုင် အိမ်ဖြူတော်ကို ဖိတ်ခေါ် ဂုဏ်ပြုခြင်းကို.ခံရသူ ... * NASA က သက်ရှိ ကွန်ပျူတာ လို့ ဖောရက်စ် ကို တင်စားပြီး ပထမဆုံး အမျိုးသမီး အာကာသယဉ်မှူး နဲ့ အော်ရန်ဂူတန် မျောက်ဝံတစ်ကောင် ကိုပါ ထည့်ပေးပြီး အင်္ဂါဂြိုဟ် ပေါ် စေလွှတ်ခြင်း ခံရသူ ... * လူသားစား လူရိုင်းတွေ ကြားထဲ အသက်ရှင်သန်အောင် ကြိုးစားခဲ့သူ ... * ဟောလီးဝုဒ် မင်းသမီးချော ရေခဲလ်ဝစ်ချ် နဲ့ အတူ သရုပ်ဆောင်လိုက်သေး ... *အမေရိကန် နပန်းသမား တစ်ယောက် အဖြစ်လည်း သူ ကျင်လည်ခဲ့ရတယ် ... * ပုဇွန်တွေကို ဖမ်းပြီး စီးပွားဖြစ် ရောင်းချနိုင်တဲ့ အရူးတစ်ယောက် ... အဲဒီလို စွန့်စားခန်းတွေအပြင် ဖောရက်စ်ဂမ့် ရဲ့ သဘာဝကျကျ တလွဲတချော် ဟာသတွေကိုလည်း ဖတ်ရှုရမှာပါ ။ ထူးထူးဆန်းဆန်း နဲ့ ကမောက်ကမ ဖြစ်ရပ်တွေထဲမှာ ထိပ်တန်းဆိုတဲ့ ဇာတ်လမ်းမျိုး ကြုံတွေကြဖို့ ဖောရက်စ်ဂမ့် နဲ့ အတူ စွန့်စားကြည့်ကြစို့လား ။ Forest Gump မူရင်း စာရေးဆရာ Winston Groom က အမေရိကန် လူမျိုးတွေရဲ့ စရိုက်နဲ့ နိုင်ငံရေး ခံယူချက်တွေကို လှောင်ပြောင် သရော်တဲ့ အနေနဲ့ ရေးထားတဲ့ " ဖောရက်စ်ဂမ့် " ဟာ ဝတ္ထုကောင်း တစ်ပုဒ် ဆိုတာထက် ပိုပါတယ် ခင်ဗျာ ။
လင်းခန့် စာအုပ္မ်ား
chevron_right
Privacy Policy