ဖတ်ချင်ပြီ၊ 'မထွက်သေးဘူးလား’အမေးများတဲ့
ဆရာမောင်ပေါ်ထွန်းဘာသာပြန်ထားတဲ့
" မိန်းမတယောက်၏ ဘဝ "
မြန်မာစာဖတ်တို့ ရင်းနှီးပြီးသား ပြင်သစ်စာရေးဆရာ
မော်ပါဆွန်းရဲ့ ဂန္ထဝင်လက်ရာတခုပေါ့။
မိန�
�းမတယောက်ရဲ့ပျိုရွယ်စဉ်ဘဝ၊
အိမ်ထောင်ရှင်ဘဝ၊ အိမ်ထောင်ရေးသစ္စာဖောက်ခံ
ဘဝ၊ ထိုမှ သားဆိုးမအေ တပေပေ အဖြစ်ကနေ
အဘွားကြီးအရွယ်ရောက်တဲ့အထိ ဘဝအထွေထွေကို
ရေးဖွဲ့ပြထားတယ်။
ဒီဝတ္ထုက ပေးစွမ်းတဲ့ 'အနိဋ္ဌာရုံအလှ’ကို
စာဖတ်သူသည် ဘယ်အခါမှ မေ့နိုင်တော့မယ်
မထင်ပါလို့ ကမ္ဘာစာပေပညာရှင်တို့
ရည်ညွှန်းပြုထားတဲ့ ဝတ္ထုလေ။
ဆရာ ဗန်းမော်တင်အောင်'ချစ်အဏ္ဏဝါဘွေ’ ဝတ္ထုကြီး
ရေးဖြစ်တော့ စေ့ဆော်မှု ရယူခဲ့တဲ့ဝတ္ထုတွေထဲမှာ
ဒီဝတ်ထု ပါတာ သတိထားမိကွမလား မသိဘူး။
( ထိုဝတ္ထု အမှာစာ ကြည့်)
နောက်ပြီး တွေးမိတာပေါ့လေ။
( မှန်ချင်မှလည်း မှန်မယ် )
ဆရာမြသန်းတင့်က သူ ဒေါက်တာမမိုးသူ –
ဝတ္ထုကြီးကို (ရေးဖြစ်ခဲ့ရင်/ သိတဲ့အတိုင်း မရေးဖြစ်ခဲ့)
မိန်းမတယောက် မွေးလာကတည်းက
အဘွားကြီးဖြစ်ပြီး ကွယ်လွန်သွားသည်အထိ။
သူ့ရဲ့ အောင်မြင်မှု ၊ သူ့ရဲ့ကျရှုံးမှု ၊ သူ့ရဲ့ ရင်ခုန်သံ၊
သူ့ရဲ့မျှော်လင့်ချက်၊ သူ့ရဲ့ ဘဝအမော….ကို ရေးဖွဲ့
ဖန်တီးဖို့ စိတ်ကူးရှိတယ်( ချယ်ရီမဂ္ဂဇင်း ၁၉၉၃) လို့
ဆိုခဲ့ဖူးလေတော့ ဆရာလည်းပဲ မော်ပါဆွန်းရဲ့ဒီဝတ္ထုကို
နှစ်သက်ခြင်း ရှိခဲ့နိုင်ရဲ့လို့ တွေးချင်စရာပါပဲ ။
ထို့နှယ် မြန်မာစာရေးဆရာအချို့ တခုတ်တရ
ပြုခဲ့ကြဖူးတဲ့ မော်ပါဆွန်းရဲ့ မူရင်း ဝတ္ထုကြီး
ဘယ်လိုရှိတယ်ဆိုတာ ဖတ်ပြီး အရသာခံကြည့်ပါဦး။
ပထမအကြိမ် (ဘဝတက္ကသိုလ်)နဲ့ ဒုတိယအကြိမ်
(ရာပြည့်) က ထွက်ခဲ့ပြီး စျေးကွက်ထဲမှာ အနှစ်၂၀
ကျော် ကြာမှ၊ အခု ဇော်ဂျီဖိုလ်ဝင်တိုက် ကနေ
တတိယအကြိမ် ပြန်ထွက်တာမို့ ရသပြည့်ဝတ္ထုကောင်း
ဆာလောင်နေကြသူတွေ ဖတ်ကြည့်ပါ၊ဖတ်ရတာ
တန်မှာပါ၊ တခါဖတ်ပြီးရင် မမေ့နိုင်တဲ့ ဝတ္ထုပါလို့
ရင်းနှီးစွာ လက်တို့ချင်ပါတယ်။