ရိုဘော့(ROBOT)
မင်းတခေတ်
6000 က်ပ္
📕စာအုပ်အမည် - ရိုဘော့(ROBOT) 📝စာရေးသူ - မင်းတခေတ် 💸တန်ဖိုး -၆၀၀၀ 📑စာမျက်နှာ - ၁၅၀ ရိုဘော့လုံးချင်း ၀တ္ထုသည် ခရစ်သက္ကရာဇ်၂၂၀၀ကျော်(နောင်လာမည့်အနှစ်နှစ်ရာကျော်) ကို ကြိုတင်တွေးဆ ဇာတ်အိမ်အခြေ�
�ည်ထားသော ရင်သပ်ရှုမောဖွယ်ရာ ရသ၀တ္ထုဇာတ်လမ်းရှည်တစ်ပုဒ်ဖြစ်ပြီး မြန်မာ့စာပေလောကတွင် ရှားပါးစာရင်း၀င်သည့် သိပ္ပံဇာတ်လမ်း၀တ္ထုဟုလည်း ဆိုနိုင်သည်။ နောင်အနှစ်နှစ်ရာတွင် တစ်ကမ္ဘာလုံးရှိ လူသားအားလုံးတို့သည် နည်းပညာ၏လွှမ်းမိုးမှုအောက်တွင်သာ ရှင်သန်ကြရပြီး မြေသားအလွတ်၊ သစ်ပင်ကြီးများ မရှိတော့သလို လူမှုဆက်ဆံရေးတွင်လည်း ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာတရား နှင့် ကိုယ်ရည်ကိုယ်သွေးတို့ပျောက်ဆုံးကာ လူကောင်ကြီးသတ်သတ်အဖြစ်သာ ရှင်သန်နေကြရသည်။ မိမိကိုယ်ကိုယ် အသိဉာဏ်ရှိ လူသားစစ်စစ်ဖြစ်ကြောင်းကို လူတွေကမေ့လျော့နေကြပြီး နည်းပညာအားကိုးနှင့်သာ ဘ၀ကိုရပ်တည်နေကြရ၏။ စစ်လူ ဆိုသည့် လူတစ်ယောက်ကတော့ အများနည်းတူ မရှင်သန်လိုဘဲ လူဟာ လူလိုပဲဖြစ်ရမည်ဆိုကာ လူတစ်ယောက်ပီပီနေထိုင်ချိန်မှာတော့ အများ၏ လက်ညိုးထိုးစရာ အရူးသတ္တဝါလို မှတ်ထင်ခံလာရသည်။ သူသည် လူသားဆန်မှုကိုတောင်းတသည်၊ ချစ်ခြင်းမေတ္တာကို ငတ်မွတ်သည်။ သဘာ၀တရားကြီးကို ဖက်တွယ်သည်။ စက်ပစ္စည်းနှင့် program ထည့် စက်ရုပ်တွေကိုမုန်းသည်။ ဟန်ဆောင်ပန်ဆောင် ဆက်ဆံမှုတွေကို ရွံသည်။ ထို ထိုသော ကိုစစ်လူထံသို့ နွေဦးခိုင်ဆိုသည် သူမရောက်ရှိလာခဲ့သောအခါ.... ဆရာမင်းတခေတ်၏ရေးနည်းရေးဟန်အတိုင်း ထူးဆန်းတဲ့ဇာတ်လမ်း‌သွားတွေ၊ ပေးထားတဲ့ အတွေးအခေါ်အယူအဆတွေကို စာရေးခြင်းအတတ်ပညာ ကြွယ်၀စွာဖြင့် အနုပညာတန်ဆာဆင်ထားပြီး ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာပီပီ ဇာတ်လမ်းဇာတ်ကွက်ချိတ်ဆက် တင်ပြမှုတို့ပါ ထိမိလှသည်ကြောင့် ၀တ္ထုစာအုပ်တစ်အုပ်ထက် များစွာပိုလှသည်။ အယူရှိမှအ‌ပေးရှိသည့်လောကထဲတွင် ချစ်ခြင်းမေတ္တာတွေ၊ သစ္စာတရားတွေ မရှိသလောက်ရှားနေချိန်မှာ နည်းပညာရဲ့လွှမ်းမိုးမှုနဲ့ပါ လူသားတွေရှင်သန်နေရပုံမှာ စက်ရုပ်တစ်ရုပ်နှင့် ထူးမခြားလှပေ။ ဖတ်ကြည့်လေ တွေးစရာ၊ ထောက်ရှုစရာတွေများလေဖြစ်ပြီး ဆရာမင်းတခေတ်ထွက်ရှိထားသော စာအုပ်ပေါင်း(၄၀)ကျော်အနက်မှ ရိုဘော့စာအုပ်သည်လည်း ဆရာ့၏ အကောင်းဆုံးလက်ရာ‌ တွေထဲကတစ်ခုဟုပင် ဆိုနိုင်ပေသည်။ ၂၀၁၂ခုနှစ် (လွန်ခဲ့သော၁၂နှစ်ကျော်)က ရေးသားခဲ့ပြီး ပထမအကြိမ်ထွက်ရှိခဲ့ပြီးဖြစ်သော်လည်း ၎င်း၀တ္ထုသည် ယနေ့အချိန်အထိလည်း ခေတ်ကာလရေစီးနှင့် ငြိတွယ်နေပြီး နောင်အနှစ်ငါးဆယ်ကျော်အထိ ထိမိနေမည့် ဇာတ်အိမ်တည်ဆောက်ပုံမျိုးဖြစ်သည်ကြောင့် စာချစ်သူများကို ဖတ်ကြည့်စေချင်မိသည်။
မင်းတခေတ် စာအုပ္မ်ား
chevron_right
Privacy Policy