ဘဝဆိုတာကိုယ့်စိတ်ရဲ့ရောင်ပြန်
ပရင့်(စ်)ရွိုင်းကို(မိုးကောင်းမြို့)
4000 က်ပ္
📕စာအုပ်အမည် - ဘ၀ဆိုတာကိုယ့်စိတ်ရဲ့ရောင်ပြန် 📝စာရေးသူ - ပရင့်ရွိုင်းကို(မိုးကောင်းမြို့) 💸တန်ဖိုး -၄၀၀၀ 📑စာမျက်နှာ - ၁၁၀ 🎁လက်ဆောင် - စာမှတ်ကတ် *ဤစာအုပ်သည် ကမ္ဘာကျော် ဗြိတိသျှဒဿနစာရေးဆရာ �
��James Allen”၏ “As A Man Thinketh”စာအုပ်ကို မြန်မာပြန်ဆိုထားသော စာအုပ်ဖြစ်သည်။ ဆရာကြီးသည် “Mind is the Master”, “Shining Gateway”,“As A Man Thinketh” အစရှိသော စာအုပ်ပေါင်း (၆၀)ကျော်ကို ရေးသားခဲ့ရာ ယခုမြန်မာပြန်စာအုပ် ( ဘဝဆိုတာကိုယ့်စိတ်ရဲ့ရောင်ပြန် ) စာအုပ်သည် အထင်ရှားဆုံးစာအုပ်ဖြစ်သည်။ *“ ဘဝဆိုတာ ကိုယ့်စိတ်ရဲ့ရောင်ပြန် ”စာအုပ်ထဲတွင် ကျွန်ုပ်တို့၏ဘဝနှင့် ကျွန်ုပ်တို့၏ စိတ်အတွေးအကြံများ ဆက်စပ်နေပုံ ၊ ကျွန်ုပ်တို့၏အတွေးများက ကျွန်ုပ်တို့၏ဘဝကို ပုံဖော်ပေးနေပုံ ၊ ကျွန်ုပ်တို့တွေ့ကြုံနေရသော ပြင်ပလောကသည် ကျွန်ုပ်တို့၏ စိတ်အတွင်းလောက၏ ရောင်ပြန်ဟပ်မှုအတိုင်း ဖြစ်နေပုံ...အစရှိသောလွယ်ကူရှင်းလင်းသည့် စိတ်ပိုင်းဆိုင်ရာနိယာမများကို ဖော်ပြထားသောစာအုပ်ကောင်း စာအုပ်ရတနာဟူ၍ပင်ဆိုနိုင်သည်။ ဤစာအုပ် ( ဘဝဆိုတာကိုယ့်စိတ်ရဲ့ရောင်ပြန် ) စာအုပ်ပါ စိတ်နိယာမ သည် “ ဗုဒ္ဓဘုရားရှင် ”ဟောကြားတော်မူခဲ့သော “ စိတ်သည်လောကကို ဆောင်၏ ”ဟူသောအဆုံးအမနှင့်လည်း ကိုက်ညီနေကြောင်းတွေ့ရသည်။ ထို့အပြင် ဤစာအုပ်သည် ယနေ့ကမ္ဘာတွင် အလွန်အမင်းခေတ်စားနေသည့် “ The Law of Attraction ” ( ဆွဲဆောင်မှု နိယာမ ) ၏ရှေ့ပြေးအစ စာအုပ်လည်းဖြစ်နေကြောင်း အံ့ဖွယ်ဖတ်ရှုရပါသည်။ ဤစာအုပ် ( ဘဝဆိုတာကိုယ့်စိတ်ရဲ့ရောင်ပြန် ) ကို ကျေညက်အောင်ဖတ်ရှုပြီး “ The Law of Attraction ” ကို ကျင့်လိုလျှင် ပို၍ထိရောက်မည်မှာ ဧကန်မလွဲပေ။ ယင်းနိယာမအရ ကျွန်ုပ်တို့၏စိတ်မှထွက်ပေါ်လာသော ဖရီကွင်ဇီလှုင်းများသည် ယင်းနှင့် ဓာတ်တူကို မိမိတို့ ဘဝထဲသို့ရောက်အောင် ဆွဲဆောင်၏။ “ Jame Allen ” က ဤသဘောတရားကို ဦးစွာသိမြင်ခဲ့သူဖြစ်ပြီး ယင်းစိတ်နိယာမတရားကို “ As A Man Thinketh ” ( ဘဝဆိုတာကိုယ့်စိတ်ရဲ့ရောင်ပြန် ) စာအုပ်တွင် တမူထူးခြားစွာရေးသားခဲ့သည်။ စာဖတ်သူများအနေဖြင့် “ဘဝဆိုတာ ကိုယ့်စိတ်ရဲ့ရောင်ပြန် ” စာအုပ်ကို အကြိမ်ကြိမ်ဖတ်ပါ။မှတ်ပါ။လက်တွေ့ကျင့်ကြံအားထုတ်ပါ။စာဖတ်သူ၏ဘဝသည်လည်း ထူးခြားစွာပြောင်းလဲလာပြီး မိမိသာလျှင် မိမိဘဝ၏အရှင်သခင်၊မိမိသာလျှင် မိမိကံတရား၏ မာလိန်မှူးဖြစ်ကြောင်း နားလည်သဘောပေါက်ကာ မိမိတို့၏ဘဝကို အလိုရှိသလို ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း အထူးညွှန်းဆိုလိုက်ရပါသည်။
ပရင့်(စ်)ရွိုင်းကို(မိုးကောင်းမြို့) စာအုပ္မ်ား
chevron_right
Privacy Policy