📖 ပေါရိသာဒဦးလာဘ 📖
🖊 စာရေးသူ - ဖိုးကျော့
💸 တန်ဖိုး - 6,000 ကျပ်
🗒 စာမျက်နှာ - 154 မျက်နှာ
တစ်ချိန်တစ်ခါက လူတွေကြားမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဖူးတယ်...
အဲ့ဒါကဘာလဲဆိ
ုတော့ ''လူသားစားဦးလာဘ'' တဲ့ ငယ်ငယ်တုန်းက ကြားဖူးနား၀ သိခဲ့ရတာတွေက လူသားစားတဲ့ ဘုန်းကြီးဦးလာဘ ဆိုရင် ကလေးကအစ အကုန်သိကြတယ်။ လူသားကို ရာဝင်အိုးကြီးထဲ အချဉ်တည်ပြီး စားတယ်ဆိုပဲ။ အဲ့ဒါကရော တကယ်ပဲလား?
အခုအဖြစ်အပျက်မှာလဲ ဦးလာဘဆိုတာ ဘယ်လိုလူစားမျိုးလဲ၊ ဘာလို့လူသားစားတယ်လို့ပြောကြတာလဲ?
ဘယ်လိုအကြောင်းအရာတွေကြောင့် ဒီဇာတ်လမ်းပေါ်ပေါက်လာရသလဲ၊ အများသိရအောင်ဆရာဖိုးကျော့က ဘယ်လိုဖန်တီးရေးသားထားတယ်ဆိုတာ ယခုစာအုပ်မှာ ဖတ်ရှုကြရမှာပါ