သင့်ကလေးမဆိုးပါ
ဒေါက်တာအောင်(ဆေး-၂)
7000 က်ပ္
📖 သင့်ကလေးမဆိုးပါ 📖 🖊 ဘာသာပြန်သူ - ဒေါက်တာအောင်(ဆေး-၂) 💸 တန်ဖိုး - 7000 ကျပ် 🗒 စာမျက်နှာ - 208 မျက်နှာ တောက်တောက်ပြေးအရွယ်လေးတွေရဲ့ မိဘတွေအတွက် လက်တွေ့ကျပြီး အဖိုးမဖြတ်နိုင်တဲ့ စာအုပ် " သင့်က
လေးမဆိုးပါ " ဒီစာအုပ်က တောက်တောက်ပြေးအရွယ် ကလေးငယ်လေးတွေရဲ့ ယေဘုယျအမူအကျင့်တွေအကြောင်းနဲ့ မိဘနဲ့ ကလေးတွေအကြား အုပ်ထိန်းမှုမှာ လေးစားသမှုက ဘယ်လောက် အရေးပါသလဲဆိုတဲ့ အရာတွေအပေါ် အခြေခံထားပါတယ်။ ဒီစာအုပ်ထဲမှာ အပြစ်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စည်းကမ်းချမှတ်ခြင်း၊ စမ်းသပ်ခြင်း၊ ဂျီကျခြင်း၊ ရိုက်နှက်ခြင်း စတဲ့ ကိစ္စတွေကို သေချာပြောပြပေးထားပါတယ်။ ဒီစာအုပ်က စိတ်ရှည်မှုနဲ့ မေတ္တာတရားကို စမ်းသပ်နေတဲ့ တောက်တောက်ပြေးအရွယ်လေးတွေကို ကိုင်တွယ်ထိန်းကျောင်းရလို့ စိတ်မောလူမောအဖြစ်ကို ကြုံတွေ့နေရတဲ့ မိဘတွေအတွက်တော့ လက်တွေ့ကျပြီး အဖိုးမဖြတ်နိုင်တဲ့ စာအုပ် ဖြစ်လာစေမှာပါ။ ကလေးတွေရဲ့ ရှုထောင့်အမြင်ကနေ လောကကြီးအပေါ် မြင်တဲ့အသိနဲ့ ရှင်းလင်းတဲ့ ခံစားချက်တို့ကို ရရှိလာစေမယ်။ ပြီးတော့ မရေရာလှတဲ့ ဒီအခိုက်အတန့်ရဲ့ အခွင့်အရေးကို အသုံးပြုပြီး ခွဲလို့မရနိုင်တဲ့ သံယောဇဉ်နဲ့ လေးစားယုံကြည်မှုကို တည်ဆောက်နိုင်ပါလိမ့်မယ်။
ဒေါက်တာအောင်(ဆေး-၂) စာအုပ္မ်ား
chevron_right
Privacy Policy