စာရေးဆရာများနှင့်ကျွန်တော်
သန်လျင်မောင်မောင်ဦး
0 က်ပ္
📖 စာရေးဆရာများနှင့်ကျွန်တော် 📖
🖊 စာရေးသူ - သန်လျင်မောင်မောင်ဦး
💸 တန်ဖိုး - 5,000 ကျပ်
🗒 စာမျက်နှာ - 148 မျက်နှာ
" စာရေးဆရာများနှင့်ကျွန်တော် "
ဆရာသန်လျင်မောင်မောင်ဦးဟာ ရှေ့မီနောက်မီစာရေးဆရ�
�တစ်ဦးဖြစ်သလို စာပေလောကအတွေ့အကြုံများစွာ ရှိသူဖြစ်ပါတယ်။ စာပေဘဝဖြတ်သန်းမှုထဲက ကြုံရဆုံရတဲ့ စာရေးသူတွေ၊ အဖြစ်အပျက်တွေဟာ သူ့အတွက် ရေးစရာ ကုန်ကြမ်းတွေဖြစ်တဲ့အတွက် ရေးမကုန်နိုင်တဲ့အကြောင်းအရာ ချမ်းသာသူလို့ ဆိုရမှာဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ စာပေလောကနယ်ပယ်မှာ ထင်ရှားကြော်ကြားသူတွေဖြစ်တဲ့ မောင်သာရ၊ တက္ကသိုလ်ဘုန်းနိုင်၊ လင်းယုန်မောင်မောင်၊ အီကြာကွေး၊ မောင်ဆုရှင်၊ မောင်နေမျိုး၊ ချစ်ဦးညို၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ နေဝင်းမြင့်၊ အကြည်တော်၊ ကောက်နွယ်(ကနောင်)၊ ကာတွန်းမြေဇာ၊ ဝင့်ဝါထွန်း(ကွမ်းခြံကုန်း)၊ ဒါရိုက်တာဘုန်းဝေ၊ လူထုဒေါ်အမာ၊ စမ်စမ်းနွဲ့(သာယာဝတီ)၊ နုနုရည်(အင်းဝ)၊ ဆွေဇင်ထိုက်၊ ခင်ခင်ထူး တို့နဲ့ ကြုံခဲ့ဆုံခဲ့ စာပေ
ဟောပြောပွဲသွားလာခဲ့တဲ့ အခိုက်အတန့်လေးတွေကို ရေးသားထားပါတယ်။
ဒီစာအုပ်ကိုဖတ်တဲ့အခါ ကိုယ်မသိသေးတဲ့စာပေလောကထဲက တချို့သော အကြောင်းအရာတွေသိခွင့်ရရှိမှာတော့ အသေအချာဖြစ်လို့ စာပေချစ်စိတ်ရှိသူတိုင်း ဖတ်ရှုနိုင်ဖို့တိုက်တွန်းလိုက်ပါတယ်။