မောင့်နွေဦး
မယ်ညို
5500 က်ပ္
📖 မောင့်နွေဦး 📖 🖊 စာရေးသူ - မယ်ညို 💸 တန်ဖိုး - 5,500 ကျပ် 🗒 စာမျက်နှာ - 178 မျက်နှာ စတင်ပို့ဆောင်မည့်ရက် - 5.2.2024 ဘဝမှာ တစ်ကြိမ်တစ်ခါတော့ လူတစ်ယောက်ကို ရူးရူးမူးမူးချစ်ဖူးခဲ့ကြတယ်မလား။ 🌿 “ မောင့်န�
��ေဦး “ မယ်ညိုရဲ့ တတိယမြောက်လုံးခြင်းဝတ္ထုလေးပဲဖြစ်ပြီးတော့ ဒီစာအုပ်လေးထဲမှာ အချစ်ဦးကို သိပ်ရူးတဲ့မိန်းမတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက်ရဲ့ခွင့်လွှတ်ပေးဆပ်ချစ်တတ်တဲ့အချစ်ကိုဖတ်ရှုခံစားရမှာပါ … ဘယ်လိုတွေ မျက်ရည်ကျစေဦးမလဲ ဘယ်လိုတွေနာကျင်ရဦးမလဲ ဆိုတာကိုတော့ စာအုပ်လေးကိုအိမ်ခေါ်ပြီး ဖတ်ရှုခံစားပေးကြပါဦး . . . ဘဝမှာ တစ်ကြိမ်တစ်ခါတော့ လူတစ်ယောက်ကိုရူးရူးမူးမူးချစ်ဖူးခဲ့ကြတယ်မလား။ ကျွန်မဘဝမှာလည်း ယောကျာ်းတစ်ယောက်ကိုရူးရူးမူးမူးချစ်ခဲ့ဖူးတယ်။ အဲ့တာဟာ မောင်ပါပဲ။ ဘယ်လောက်ထိလည်းဆိုရင် နာမည်ကြားလိုက်တာနဲ့ရင်ခုန်ခဲ့တဲ့အချိန်တွေကနေ နာမည်လေးကြားလိုက်တာနဲ့ သွေးရူးသွေးတန်းအော်ငိုနေမိတဲ့နေ့တွေအထိပါပဲ။ မောင်က အဲ့ဒီလို ကျွန်မဘဝကို စိုးမိုးခဲ့တယ်။ ဟုတ်တယ် မောင်ကကျွန်မကိုအဲ့လိုအရူးတစ်ပိုင်းဖြစ်စေခဲ့တယ်။ မောင်ကကျွန်မရဲ့အချစ်ဦးမို့ ကျွန်မရူးတာလား မချစ်ဖူးခဲ့လို့ပဲ ကျွန်မရူးခဲ့တာလား သေသေချာချာ ကျွန်မမသိ။ ဒါပေမဲ့သေချာတစ်ခုကတော့ ကျွန်မ မောင့်လောက်ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး။ အချစ်ဦးကိုမြေးဦးရတဲ့အထိမမေ့ဘူးတဲ့ ဟုတ်ပါတယ် ကျွန်မဖြင့်မောင့်ကိုမေ့သွားတဲ့ နေ့ဆိုတာကိုမရှိခဲ့ပါဘူး။ မောင်ကလေ ကျွန်မ သိပ်မြတ်နိုးရတဲ့ ကံ့ကော်ပန်းကလေးလိုပဲ။ မခူးရက် မပန်ရက် မချွေရက်ကလး ။မောင့်ကိုကျွန်မရူးလောက်အောင်ချစ်တယ် ချစ်ခဲ့တယ် ပြီးတော့ ချစ်နေဆဲ။ လောကကြီးကိုတောင်းဆိုလို့ရမယ်ဆိုရင် ကျွန်မတောင်းဆိုချင်တယ်။ တစ်ဘဝစာအတွက်မှမဟုတ် တစ်ခဏတာလေးတောင် ပေးမတွေ့ပါနဲ့လား လို့ ….
မယ်ညို စာအုပ္မ်ား
chevron_right
Privacy Policy