စိတ်လှုပ်ရှားမှုဉာဏ်ရည်(သင့်EQကို လွယ်ကူတဲ့အဆင့် ရဆင့်နဲ့ မြှင့်တင်ပါ)
မျိုးလွင်(MBA)
5500 က်ပ္
သင့်EQ တိုးမြင့်စေဖို့ အမြန်ဆုံးနည်း စိတ်လှုပ်ရှားမှုဥာဏ်ရည်(Emotional Intelligence) ဆိုတာက ကိုယ့်ရဲ့စိတ်လှုပ်ရှားမှု၊ တစ်ပါးသူတွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခွဲခြားနိုင်တာ၊ နားလည်နိုင်တာနဲ့ စီမံ�
��ိုင်တာ ဖြစ်ပါတယ်။ အဲဒီဥာဏ်ရည်မြင့်ရင် နေ့စဉ်ဘဝမှာတင် အကျိုးကျေးဇူးတွေအများကြီးရတဲ့အပြင် တစ်ပါးသူတွေကိုလည်း ကူညီရာရောက်ပါတယ်။ ဒီစာအုပ်မှာဝန်ထမ်းဘဝ၊ မန်နေဂျာဘဝ၊ လုပ်ငန်းရှင်ဘဝတွေနဲ့ ဖြတ်သန်းကြရတဲ့အခါ ဝန်ထမ်းဘဝဖြစ်စဉ်အဆင့်ဆင့်အကြောင်း၊ သင့်စိတ် ဘယ်လိုလှုပ်ရှားနေသလဲ၊ သင့်ပတ်ဝန်းကျင်က လူတွေရဲ့စိတ်တွေလည်း ဘယ်လိုလှုပ်ရှားနေကြသလဲ၊ ခံစားနေကြသလဲဆိုတာ ခွဲခြားနိုင်မယ် ၊ နားလည်နိုင်မယ် ၊ စီမံနိုင်မယ်ဆိုရင် ကျန်းမာရေး၊ ဆက်ဆံရေးတွေ ဘယ်လောက်ချောမွတ်လာစေတဲ့အကြောင်း မျှဝေထားပါတယ်။ အလားတူ မိသားစုဘဝ၊ လူမှုအသိုင်းအဝိုင်းအမျိုးမျိုးကြားမှာ အီးအိုင်တိုးတက်အောင်လုပ်ရင် ဘယ်လိုအကျိုးရှိတဲ့အကြောင်းတွေကိုလည်း လမ်းပြပေးထားပါတယ်။တစ်နေရာမှာတော့ စိတ်လှုပ်ရှားမှု (Emotion) နဲ့ စိတ်ခံစားမှု (Feeling) ကွဲပြားတဲ့အကြောင်း ရေးသားထားပါတယ်။ ဒီစာအုပ်မှာ အခန်း ၇ ခန်းပါပြီး အခန်းတစ်ခန်းကို တနင်္ဂနွေနေ့၊ တနင်္လာနေ့ စတဲ့နာမည်လေးတွေ ပေးထားပါတယ်။ ဆိုလိုတာက တစ်ပတ်အတွင်း သင့် EQ မြင့်တက်သွားမှာ ဖြစ်ပါတယ်။ တစ်ပတ်စာလေ့လာပြီးရင် တစ်သက်စာ အကျိုးထူးတွေခံစားဖို့ တိုက်တွန်းထားပါတယ်။ သင်က ၇ ရက်ပဲဖတ်ဖတ်၊ တစ်ထိုင်တည်းပဲဖတ်ဖတ် သေချာတာကတော့ ဖတ်ပြီးရင် ပြောင်းလဲသွားမှာပါ။ ဒီစာအုပ်ဟာ သင့်အောင်မြင်မှုအတွက် အမြန်ဆုံးလမ်းဖြစ်ပါတယ်။
မျိုးလွင်(MBA) စာအုပ္မ်ား
chevron_right
Privacy Policy