မိဘမေတ္တာ မဂ္ဂဇင်း အမှတ်(၁)
ကလောင်စုံ
10000 က်ပ္
မိဘမေတ္တာမဂ္ဂဇင်းအမှတ်(၁)ရဲ့ ရသစာတမ်းကဏ္ဍမှာ တိပိဋကယောဆရာတော်ကြီးရဲ့"သားကလေးငပြူး"၊ ကိုပညာ(အမရပူ)ရဲ့ "အမေ တစ်တီတူးငှက်ငယ်"၊ ဆောင်းပါး ကဏ္ဍမှာ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလ�
�ဘိဝံသရဲ့"မိဘကျေးဇူးတရားနှင့်ဗုဒ္ဓ၏အဆုံးအမစကား"၊ ဦးဝါသဝသီရိရဲ့"အိုမိခင်"၊ အယ်ဒီတာအဖွဲ့ရဲ့ ရှာဖွေစုဆောင်းတင်ဆက်ထားတဲ့ "မိဘမေတ္တာ ဆုံးမစာ" ကဏ္ဍနဲ့ "မိဘမေတ္တာ အဆိုအမိန့်"ကဏ္ဍတို့အပြင် အရှင်နန္ဒဝံသ(ဧရာဝတီဆရာတော်)ရဲ့ "ဗုဒ္ဓကိုယ်တိုင် ဟောကြားခဲ့သောမိဘမေတ္တာ"၊ အရှင်သုမင်္ဂလ(စစ်ကိုင်း)ရဲ့ "မာတာပိတုဥပဋ္ဌာနံအဖွင့်"၊ ဝတ္ထုကဏ္ဍမှာ စလေဦးပုညရဲ့ "မဒီဒေဝီသစ်သီးရှာခန်း"၊ အရှင်စန္ဒလင်္ကာရဲ့ "သားသမီးကောင်း၏မိဘ"၊ ဝရာဘိသံဃနာထထေရ်ရဲ့ "သားတော်နှစ်ပါးကြိုးကြာတစ်ကောင်"၊ အရှင်ဝဇီရပဘာသာရဲ့ "မိခင်သစ္စာ"၊ မင်းဘူးဦးသြဘာသရဲ့"မင်းမြှောက်ရန် မယ်တော်တောင်းပန်ခန်း"၊ ကဗျာကဏ္ဍမှာတော့ ရှင်မဟာရဋ္ဌသာရ၊ ခင်ကြီးဖျော်၊ ကန်တော်မင်းကျောင်းဆရာတော်၊ မုံရွေးဆရာတော်၊ မန်လည်ဆရာတော်ကြီး၊ တောင်ဖီလာဆရာတော်၊ ဦးပညာ(၁၈ရာစု)၊ ဦးသြ၊ စလင်းခင်မောင်ရည်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့ရဲ့ မိဘမေတ္တာဖွဲ့ကဗျာများပါဝင်ပါတယ်။ မဂ္ဂဇင်းကို အခမ်းအနားဆုံးပြင်ဆင်ထားပြီး မိဘကျေးဇူး၊ မိဘမေတ္တာနဲ့ပတ်သက်လို့ မိဘက သားသမီးကိုဆုံးမသွန်သင်လမ်းညွှန်ပြဖို့ဖြစ်စေ၊ သားသမီးက မိဘမေတ္တာ၊ မိဘကျေးဇူးကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်ပြီးကျေးဇူးဆပ်တတ်ဖို့ဖြစ်စေ အကောင်းဆုံးရွေးချယ်မှုနဲ့ မိသားစုတိုင်းလက်ကိုင်ထားရမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်ရှင့်။
ကလောင်စုံ စာအုပ္မ်ား
chevron_right
Privacy Policy