🤍 စိတ်၀င်စားဖွယ် ကယန်းရိုးရာ ၊ ကယန်းအလှနဲ့ကယန်းဒေသ ငွေတောင်ပြည်ကို နောက်ခံထားပြီး ရေးဖွဲ့ထားတဲ့ ဆရာမ ပျိုးရဲ့ လွမ်းမောစရာ ၀တ္ထု ' လွမ်းနေဦးမည့် ငွေတောင်ပြည် ' ကို မှတ်မိကြဦးမယ် ထင်ပါတယ�
��။
🤍 ၀တ္ထုထဲက ဇာတ်ကောင်တွေနဲ့အတူ လွမ်းမောရင်း လိုက်ပါခဲ့ရတဲ့ ဇာတ်လမ်းလေးဟာ ဇာတ်သိမ်းမှာ အေးစက်နေတဲ့ နှလုံးသားတစ်စံုကို ချန်ထားရစ်ခဲ့တယ်။
🤍 ' လွမ်းနေဦးမည့် ငွေတောင်ပြည် ' ကို ဖတ်ပြီးသူတိုင်း အခူးကို သနားတွယ်တာကြ ၊ ချစ်ခင်ကြတယ်။ အဲ့ဒီလို စာဖတ်သူတိုင်း ချစ်ခင်ပေးခဲ့ကြတဲ့ အခူးဆိုတဲ့ ကောင်လေးနဲ့ ငွေတောင်ပြည်ရဲ့နောက်ဆက်တွဲ ၀တ္ထုကို ထပ်မံပြီး ရေးဖွဲ့ဖန်တီးလိုက်ပါတယ်။
🤍 ပထမပိုင်းမှာ အခူးရဲ့ အမေဟာ သူ့ညီမလေးကို ခေါ်ပြီး အခူးတို့သားအဖကို ဘာကြောင့်ထားခဲ့တာလဲ....ကြယ်ကလေးရွာကနေ သွေးစွန်းနေတဲ့ အကျီ ်ကလေးသာ ထားခဲ့ပြီး အခူးဟာ ဘာကြောင့် ပျောက်ချင်းမလှ ပျောက်သွားခဲ့ရသလဲ ဆိုတဲ့ အပိုင်းအစလေးတွေနဲ့ ပဟေဠိဆန်စွာ ကျန်ခဲ့ရတယ်။
🤍 နောက်ဆက်တွဲမှာေကာ ဒီအပိုင်းအစလေးတွေဟာ ဘယ်လိုဆက်စပ်ရင်း ဖြေသိမ့်စရာ ဇာတ်လမ်းလေး ဖြစ်လာလေမလဲ....
🤍 ကုန်ဆုံးသွားပြီဖြစ်တဲ့ အခူးရဲ့မိခင် ၊ သူ့ရဲ့ညီမလေး ၊ အခူးနဲ့ ယမင်းယွန်းဟေသာတို့ရဲ့ ကံကြမ္မာ ရေစက်ဟာ ပြန်လည်ဆုံတွေ့ကြဦးမှာလား ....
🤍 အလွမ်းတွေနဲ့ အေးစက်စွာ ဝေးကွာခဲ့ရတဲ့ နှလုံးသားေတွဟာ အလွမ်းေတွကြောင့်ပဲ ပြန်လည် နွေးထွေးစေမှာလား.....