📚 မြန်မာ့စာပေလောကတွင် စာဖတ်သူများကြား ရေပန်းစားခဲ့သော ၊ ယနေ့တိုင် ထင်ရှားကျော်ကြားနေဆဲဖြစ်သော ' မြိုင် ' ၀တ္ထု ကဲ့သို့ပင် အိမ်ထောင်ရေးဇာတ်လမ်းကို ရေးဖွဲ့ထားသော ဆရာကြီး ဗန်းမော်တင်အောင်�
�� အမျိုးသမီးဇာတ်ကောင် မမကြီး . . .
💚' မမကြီး ' ၀တ္ထုဟာ ၁၉၆၀ ပြည့်နှစ်မှာ စာရေးဆရာကြီးတစ်ဦး၏ ၀တ္ထုနှင့်အတူ စာပေဗိမာန်ဆုကို ပူးတွဲရရှိခဲ့ပေမယ့် စာရေးသူက ငြင်းပယ်ပြီး ဆုကို မယူဘဲ ငြင်းပယ်ခဲ့တဲ့ ၀တ္ထုဖြစ်ပါတယ် . .
💚လူအများစုသည် အချစ်နှင့်ထိတွေ့လျှင် ရူးမတက် စိတ်ကူးယဉ်တတ်ကြသည်။ ထိုစိတ်ကူးထဲတွင် စိတ်ချမ်းသာမှု သုခကိုသာ တွေးတောကြပြီး အခြားသော ဒုက္ခဆင်းရဲများကိုမူ ထည့်စဉ်းစားခြင်း မရှိကြပေ။ အိမ်ထောင်ပြုရာတွင်လည်း ထိုနည်းလည်းကောင်းသာ . . .
💚ဤ၀တ္ထုတွင်လည်း ကလေးနှစ်ယောက် ဖခင် တရားသူကြီး ဦးအေးသွင်ရဲ့မှားယွင်းစွာ ပြုခဲ့မိတဲ့ အိမ်ထောင်တစ်ခုကို မှတ်သားဖွယ်ရာ အနေဖြင့် ဖော်ပြထားပြီး အချစ်နှင့်မထိတွေ့ဖူးသူ သူငယ်မကလေး ခင်၏ဘ၀ ၊ အဒေါ်ဖြစ်သူ မမကြီးတို့ရဲ့ သံယောဇဉ်အလှ ၊
စိတ်ေစတနာအလှ မွန်မြတ်တင့်တယ်ပုံတို့ကို စာရေးသူ၏ စာအလှဖြင့် ဖွဲ့နွဲ့တင်ပြထားလေသည်။