မုန့်ကြွပ်ပျော့ ဒိုင်ယာရီ
မောင်သောင်း(မြို့ပြ)
8000 က်ပ္
မုန့်ကြွပ်ပျော့ ဒိုင်ယာရီ . . .
ပျော်ဘွယ်မုန့်ကြွပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားလုံးသိရှိပြီးဖြစ်ပါသည်။ မုန့်ကြွပ်ပြုလုပ်ရာတွင် ဖြတ်သန်းရသော အဆင့်တစ်ဆင့်ဖြစ်သည့် “မုန့်ကြွပ်ပ
ျော့” အကြောင်းကိုလည်း အတန်းပညာရေးနှင့် နှိုင်းယှဉ်ကာ ပုံဖော်ရေးသားထားသည်။
သက်မဲ့ဇာတ်ကောင်များလည်း ပါဝင်ပြီး ဇာတ်လမ်းနှင့်လိုက်ဖက်စွာ ထည့်သွင်းရေးသားထားသည်။ အထူးသဖြင့် သက်မဲ့ ဧကရာဇ်ပန်းပွင့်လေးများအကြောင်းကို စိတ်ဝင်စားဖွယ် ရေးသားထားသည်။
ပျော်ဘွယ်မြို့၏ နာမည်ကျော် ဘုံမဟာကထိန်တွင် တန်းကျောင်းများမှ ပါဝင်ဆင်နွှဲခဲ့မှုများ...
မန်ကျည်း “ကိုး”ပင်၊ “စစ်” ကိုးပင်ရှိခဲ့သည့် ရနောင် (ရန်အောင်) ကန်ပေါင်ရိုးပေါ်မှ ဇာတ်လမ်းတစ်ပုဒ်...
ကောလိပ်ဆက်တက်နိုင်ရန်အတွက် မှောင်ခို ကုန်ကူးခဲ့ရသည့် ကောလိပ်ကျောင်းသားတစ်ယောက်...
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဘဝနှင့် လက်တွေ့လုပ်ငန်းများ...
ထူးခြားသည့် “ဩဘာလမ်း”အကြောင်း...
ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဇာတ်လိုက်များဖြစ်သည့် တက္ကသိုလ်များ အပန်းဖြေရိပ်သာ(R.C)၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ဂျဒ်ဆင်မျှော်စင်၊ တက္ကသိုလ်များဓမ္မာရုံ၊ ဦးချစ်လ္ဘက်ရည်ဆိုင်၊ ဦးယမ်းဘီလူးအအေးဆိုင်၊ အင်းယားကန်စပ်မှ ဘူးသီးကြော်၊ လှည်းတန်းအိမ် ကျောက်ကျောနှင့်
ကိုယုန်ဆီချက် စသည်တို့ကိုလည်း အတိတ်၏ လွမ်းမောစရာများအဖြစ် ထည့်သွင်းရေးသားထားသည်။
ဧရာဝတီမြစ်ကြီး၏ မြစ်လက်တက်တစ်ခုသို့ စီးဝင်နေသည့် ချောင်းကြီးတစ်ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဘက်စုံရေလှောင်တမံ စီမံကိန်းမှ ဆည်မြောင်း အင်ဂျင်နီယာတစ်ယောက်၏ စိတ်ခံစားမှုများနှင့် ဘဝအထွေထွေကို သုတ၊ ရသ စုံလင်စွာဖြင့် ဖော်ဆောင်ရေးသားထားပါသည်။