ရွှေတောင်ပံတို့ဖြင့် ဖွဲ့တည်သော...
ခွန်းညိုသွေး
7500 က်ပ္
📖 ရွှေတောင်ပံတို့ဖြင့် ဖွဲ့တည်သော... 📖 🖊 စာရေးသူ - ခွန်းညိုသွေး 💸 တန်ဖိုး - 7500 (ပထမအကြိမ်) 🗒 စာမျက်နှာ - 204 မျက်နှာ ဆရာခွန်းညိုသွေးရဲ့ လုံးချင်းဝတ္ထုအသစ် " ရွှေတောင်ပံတို့ဖြင့် ဖွဲ့တည်သော" ၂၀
၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ "နတ်သမီးတောင်ပံ" စာအုပ်ထဲက နတ်သမီးတောင်ပံ ဝတ္ထုတိုလေးရဲ့ ခေါင်းစဉ်အောက်မှာ ဇာတ်ကောင် ၆ ယောက် ရှိခဲ့ပါတယ်။ ရုပ်ရှင်မင်းသမီး၊ သင်္ဘောတက်ရာက အိမ်ပြန်လာသူ၊ ပဲပြုတ်သည်မလေး၊ လက်ထောက်ဆရာဝန်၊ အိမ်က ထွက်ပြေးလာတဲ့ ကောင်လေးနဲ့ ဒီနေ့မှ မင်္ဂလာဆောင်ပြီးရာက ပြန်လာတဲ့ သတို့သား ဇာတ်ကောင် တွေပါ။ ရုပ်ရှင်တွေမှာလိုဆိုရင် season 2 သဘောမျိုး လို့ပဲ ပြောရမလား အဲဒီ ဇာတ်ကောင် ၆ ယောက်ကို လုံးချင်းဝတ္ထုရှည် အဖြစ် ပြန်လည်အသက်သွင်းပြီး သူ့တို့ရဲ့ ဘဝတွေအကြောင်း ဟိုးအတွင်းနက်နက်အထိ ထပ်မံ ဆင်းသက်ကြည့်ထားတဲ့ လုံးချင်းဝတ္ထုကို ဖတ်ရှုရမှာဖြစ်ပါတယ်။ plot structure တွေက ချိတ်ဆက်မှု မြန်ဆန်ပြီး တစ်ခန်းပြီး တစ်ခန်းမှာ စာဖတ်သူတွေကို ဆက်တိုက် နားချိန်မပေးထားတဲ့ ဝတ္ထုလို့ ပြောလို့ ရပါတယ်။ ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ ဘဝနေထိုင်မှုနဲ့ စိတ်သဘောထားတွေကို ပိုင်ပိုင်နိုင်နိုင်နဲ့ အချိတ်အဆက်မိမိ တွဲစပ်ရေးသားထားတဲ့အတွက် ရသမျိုးစုံခံစားရစေနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ "အမှောင်ဘက်ခြမ်းကနေ မီးရောင်အောက်ကို ရောက်တဲ့အခါ ပြုံးရယ်ပြလိုက်ဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့ ပြီးတဲ့အခါမှာတော့ တခြားသူဘဝကို ကိုယ်မဟုတ်တဲ့အတွက် မစာမနာ လက်ညှိုးထိုးရယ်မောလိုက်ပြီး ကိုယ့်စိတ်မလုံခြုံမှုကို ဖုံးကွယ် အရောင်တင်လိုက်ဖို့...။ လောကဟာ သရုပ်ဆောင်တွေ ပြည့်နှက်နေတဲ့ အစစ်အမှန် ရုပ်ရှင်တစ်ကားပါပဲ။ " *တချို့အခန်းတွေမှာ ဇာတ်ကောင်သဘောသဘာဝအရ ဆဲ_ဆိုတဲ့ အရေးအသားစကားလုံးတွေ ပါဝင်တာကြောင့် အသက် ၁၃ နှစ်အောက် ကလေးငယ်များ ဖတ်ရှုရန် မသင့်တော်ပါ။
ခွန်းညိုသွေး စာအုပ္မ်ား
chevron_right
Privacy Policy