မနက်ခင်းရဲ့အစ (ဘဝတိုးတက်မှုဆိုင်ရာ နေ့စဉ်မှတ်တမ်းစာအုပ်)
နေထွန်းလင်း(မြန်မာပြန်)
8000 က်ပ္
📖 မနက်ခင်းရဲ့အစ-A Daily Journal 📖 🖊 စီစဉ်သူ - နေထွန်းလင်း 💸 တန်ဖိုး - 8,000 (ပထမအကြိမ်) 🗒 စာမျက်နှာ - 140 မျက်နှာ ကိုယ့်ဘဝရဲ့ မှတ်တမ်းကောင်းများကို ပိုင်ဆိုင်နိုင်မယ့် . . . ♦️ ဖတ်ရမယ့် စာအုပ်ထက် မိမိကိုယ်တိ�
��င် ရေးသားရမယ့် စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကိုယ့်ရဲ့ ဘဝ မှ အောင်အောင်မြင်မြင် နဲ့ တစ်နှစ်ပတ်လုံး ဘာတွေ လုပ်နိုင်ခဲ့လဲဆိုတာကို မှတ်တမ်းတင်နိုင်မယ့် စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါတယ်။ ✅”ဘဝ မှာ ဘယ်တော့မှ အရှုံးပေးပြီဆိုတဲ့ ဘဲလ်ကို မတီးလိုက်ပါနဲ့။” ♦️ လောကကြီးမှာ ကိုယ့်ကိုကိုယ် အရှုံးပေးမှ ရှုံးတာပါ။ ကိုယ်အရှုံးမပေးဘူးဆိုရင် တကယ် မရှုံးသေးပါဘူး ခက်ခဲတဲ့ ခေတ်ကာလတွေကို ဖြတ်သန်းခဲ့ရတဲ့ လူပေါင်းများစွာ ရှိပါတယ်။ အနာဂတ်ပျောက်ခဲ့ရတဲ့ လူတွေလည်း အများကြီးရှိခဲ့မှာပါ။ အရှုံးမပေးဘဲ ဆက်လက်ရှင်သန်ဖို့ ဆုံးဖြတ်သူတိုင်းဟာ ဘဝ ကို အရှုံးမပေးခဲ့သူတွေပဲဖြစ်ပါတယ်။ ♦️ အမေရိကန် Navy Seal ဗိုလ်ချုပ်ကြီး Mc Raven က ကမ္ဘာကျော်စာအုပ်တစ်အုပ် ရေးသားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ အောင်မြင်ခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး၊ New York Time Bestseller ဝင် စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ရဲ့ နာမည်ကတော့ Make Your Bedပါ။ ♦️ တစ်ကမ္ဘာလုံးမှာလည်း ဒီစာအုပ်ကို ဘာသာအသီးသီးပြန်ပြီး ထုတ်ဝေခဲ့ပြီး နိုင်ငံအလိုက်မှာ ရောင်းအားအကောင်းဆုံး အဖြစ်ရပ်တည်နေပါတယ်။ စာအုပ်ထဲမှာ ပါတဲ့ အနှစ်သာရတွေ ပြန်လည် စုစည်းပြီး (၁) နှစ်ပတ်လုံး ကိုယ်ကိုကိုယ် ဘာတွေ လုပ်နိုင်ခဲ့လဲ ဆိုပြီး မေးခွန်းလေးတွေကို နေ့ရက်တိုင်းမှာ ပြန်လည် ဖြေဆိုနိုင်ဖို့ Mc Raven က မေးခွန်းမေးထားပါတယ်။ ♦️ ဒါ့အပြင် နေ့ရက်တိုင်းမှာ အကောင်းဆုံး လုပ်နိုင်ခဲ့တဲ့ အရာတစ်ခုကို မိမိကိုယ်တိုင် ပြန်လည် ချရေးဖို့ ဒီစာအုပ်လေးကို စီစဥ်ခဲ့တာ ဖြစ်ပါတယ်။ ♦️ Make Your Bed ဆိုတဲ့ စာအုပ်ကို ဆရာ နေထွန်းလင်းက မနက်ခင်းရဲ့ အစ ဆိုတဲ့ နာမည် နဲ့ ဘာသာပြန်ဆိုခဲ့ပြီး ပြည်တွင်းမှာ အောင်မြင်တဲ့ စာအုပ်တစ်အုပ်အဖြစ်ရောင်းတန်းဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ♦️ လက်ရှိအချိန်မှာလည်း Make Your Bed ထဲက အနှစ်သာရတွေကို ပြန်လည် ထုတ်နှုတ်ပြီး မိမိကိုယ်တိုင် ရေးသားနိုင်တဲ့ Journal တစ်ခု ဖြစ်အောင် မြန်မာမှု အသွင် ဖန်တီးပေးထားတာဖြစ်ပါတယ်။ ♦️ ၂၀၂၄ နှစ်သစ် တစ်နှစ်လုံး မိမိဘဝကို အကောင်းဆုံး မှတ်တမ်းအဖြစ် ကိုယ့်ဘဝကိုယ် ပြန်လည် ချယ်မှုန်းနိုင်ဖို့ ဒီစာအုပ်လေးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ လ တစ်လ ဆီတိုင်းအတွက်လည်း အင်မတန်ကောင်းမွန်တဲ့ ခွန်အားပေးစကားတွေလည်း ပါရှိနေပါတယ်။ 📝 “တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့အားလုံး ဘဝမှာ မှောင်မိုက်နေတဲ့ အခိုက်အတန့်တွေကို ရင်ဆိုင်ရမှာပါ။ အဲ့ဒီအချိန်မှာတောင် အနက်ဆုံးသော တွင်းထဲရှိနေတဲ့အခိုက်အတန့်အတွင်းမှာ မင်းဟာ အကောင်းဆုံး ဖြစ်နေပါစေ။” 📝 “ဘယ်သူမှ အမှားကို တွန်းလှန်နိုင်တဲ့ အင်အားမရှိကြပါဘူး။ ခေါင်းဆောင်ကောင်းတွေဟာ အမှားတွေထဲက နေ သင်ခန်းစာယူကြတယ်။ ဒီသင်ခန်းစာတွေထဲကနေ သူတို့အတွက် စိတ်ခွန်အားတွေ ပြန်ယူကြတယ်။ နောက်တစ်ခေါက်ထပ်ပြီး ပြန်လုပ်ဆောင်ရမှာကို မကြောက်ကြဘူး။ ခက်ခဲတွေ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့လည်း ဝန်မလေးတတ်ကြဘူး။” ♦️ ဒီစာအုပ်က မိတ်ဆွေအချင်းချင်း New Year Gift အနေနဲ့ ပေးမယ်ဆိုလည်း သင့်တော်တဲ့ လက်ဆောင်ကောင်းလေး တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ဘယ်အချိန်ဘယ်ကာလမှာပဲ ဖြစ်ဖြစ် ဒီစာအုပ်လေး လက်ဝယ်ပိုင်ဆိုင်မိပြီဆိုရင် အာမခံနိုင်တာ တစ်ခုကတော့ ကိုယ့်ဘဝကိုယ် မှတ်တမ်းကောင်းကောင်း ပြန်တင်ထားနိုင်မယ်ဆိုတာပါပဲ။
နေထွန်းလင်း(မြန်မာပြန်) စာအုပ္မ်ား
chevron_right
Privacy Policy