ရုပ်ရှင်ထဲလို မဟုတ်ဘူး ကဗျာပေါင်းချုပ်
မောင်သင်းပန်
20000 က်ပ္
📖 ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ် 📖
🖊 စာရေးသူ - မောင်သင်းပန်
💸 တန်ဖိုး - 20,000 (ပထမအကြိမ်)
🗒 စာမျက်နှာ - 500 မျက်နှာ
" မနက်ဖြန်ဆိုဇန်နဝါရီပန်းတွေပွင့်တော့မယ်" ဆိုတဲ့
ဆရာမောင်သင်းပန်ရဲ့ ကဗျ
ာပေါင်းချုပ်စာအုပ်အသစ်
အမေ့ရဲ့စံပယ်ပင်ကလေး
'ကျွန်တော့်ခြံဝင်းထောင့်မှာ
အမေစိုက်ပျိုးခဲ့တဲ့
စံပယ်ပင်ကလေးတစ်ပင် ရှိပါတယ်။
ကျွန်တော့်အမေ ကွယ်လွန်တုန်းက
နာရေးဖိတ်စာကို
ကျွန်တော် လွှင့်မပစ်ရက်ဘူး။
အဲဒီစံပယ်ပင်ကလေးထိပ်မှာ ချိတ်ထားလိုက်တယ်။
တစ်ညမှာ
ကျွန်တော် အမေလို့ တစ်ခွန်းခေါ်ကြည့်လိုက်တယ်
မနက်လင်းတော့ စံပယ်တစ်ပွင့် ပွင့်နေတယ်။
ဒါနဲ့ နောက်ညတွေမှာ
'အမေ အမေ အမေ' လို့
အခွန်းပေါင်းများစွာ ခေါ်ကြည့်လိုက်တယ်။
မနက်လင်းတော့
ပင်လုံးကျွတ်ပွင့်လို့
ပင်လုံးကျွတ်မွှေးလို့
ပင်လုံးကျွတ်ရနံ့တွေ လေပြည်ထဲမှာပြည့်လျှံလို့။
ကျွန်တော် ဝမ်းသာအားရ
'အမေ' လို့ နောက်တစ်ခွန်းတိုးတိုးကလေး
ခေါ်ကြည့်လိုက်တယ်။
ကျွန်တော်ကိုယ်တိုင် စံပယ်ပွင့်ကလေးတစ်ပွင့်
ဖြစ်သွားတယ်။ ။
မောင်သင်းပန်
ဒီကဗျာအုပ်ကို ငဝန်အနုပညာရပ်ဝန်းကနေ စီစဉ်ပါတယ်။ ဆရာမောင်သင်းပန် နှစ်ပေါင်း(၅၀)ကျော်ဖြတ်သန်းခဲ့တဲ့ ကဗျာအနုပညာခရီးရဲ့ ကဗျာအနုပညာလက်ရာကောင်း အပုဒ်ရေ (၂၅၁) ပုဒ် ပါဝင်ပါတယ်။ 'ဆရာကြီးဒဂုန်တာရာ၊ ဆရာမောင်သစ်လွင်(လူထု)၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာကြည်အောင်၊ ဆရာတင်မိုး၊ ဆရာမောင်လေးအောင်၊ ဆရာမောင်သင်းခိုင်တို့၏ စာပေကျေးဇူးများကို ရည်စူးရည်မှန်း၍ ဒီကဗျာစာအုပ်နဲ့ဂါရဝပြုလိုက်ပါတယ်' လို့ ဆရာမောင်သင်းပန်က ဆိုထားပါတယ်။
ဆရာကြီးမောင်သစ်လွင်(လူထု)၊ ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)တို့ရဲ့ အမှာစာတွေလည်း ပါဝင်ပါတယ်။ ခေတ်ပေါ်ကဗျာတွေရဲ့ ရှေ့ဆုံးတန်းမှာပါဝင်ခဲ့တဲ့ ဆရာမောင်သင်းပန်ရဲ့လက်ရာတွေကို တစ်ဝကြီးခံစားဖတ်ရှုရမှာလည်း ဖြစ်ပါတယ်။