ပျော်ရွှင်ဖို့အတွက် စွန့်လွှတ်ရမယ့် ၁၅ ချက်
ဒေါက်တာအောင်(ဆေး-၂)
7000 က်ပ္
ပ​ျော်ရွှင်ဖို့အတွက် စွန့်လွှတ်ရမယ့် ၁၅ ချက်(အနှိုင်းမဲ့ပျော်ရွှင်ခြင်းသို့ သွားရာလမ်း) ဒေါက်တာအောင်(ဆေး-၂) တန်ဖိုး ၇၀၀၀ ကျပ် စာမျက်နှာ ၂၀၆ ပျော်ရွှင်ဖို့အတွက် စွန့်လွှတ်ရမယ့် ၁၅ချက်
°°°°°°°°°°°°°°°°°°° စာရေးသူ လူမီနီတာ ဆာဗစ်ဆိုတာ ရည်မှန်းချက်နတ်သမီး ဘလော့ဂ် (PurposeFairy blog) ကို တည်ထောင်သူဖြစ်ပြီး ပျော်ရွှင်နိုင်ဖို့ စွန့်လွှတ်ရမယ့် အရာတွေအကြောင်း အကြိမ်ရေ ၁.၂ ဘီလီယံလောက် မျှဝေခြင်းခံရလိမ့်မယ်၊ ပေါက်မယ်လို့ မထင်ထားမိဘဲ ရေးသားတင်ပြခဲ့သူ ဖြစ်ပါတယ်။ အဲဒီ ပေါက်သွားတဲ့ စိတ်အားတက်ကြွဖွယ်ပို့စ်ကို အခြေခံပြီး စစ်မှန်တဲ့ပျော်ရွှင်မှုဆီ မသွားနိုင်အောင် နောက်ပြန်ဆွဲထားတဲ့ အကျင့်ဆိုးတွေကို စွန့်လွှတ်လိုက်ဖို့နဲ့ အကောင်းဆုံးဘဝမှာ နေထိုင်နိုင်စေဖို့ ဒီ စိတ်နှလုံးညွှတ်နူးဖွယ်စာအုပ်ကို ရေးသားပြုစုလို့ စာဖတ်သူတွေရဲ့လက်ထဲ အရောက်ပို့ပေးလိုက်ပါပြီ။ အဲဒီ သင်ခန်းစာတွေထဲမှာ - အတိတ်ကို စွန့်လွှတ်ဖို့၊ သင့်ကို ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေကို စွန့်လွှတ်ဖို့၊ သူတစ်ပါးအပေါ် အပြစ်တင်ခြင်းကို စွန့်လွှတ်ဖို့၊ အမြဲတမ်း မှန်ချင်တဲ့စိတ်ကို စွန့်လွှတ်ဖို့၊ တံဆိပ်တပ်ချင်၊ အတပ်ခံချင်တဲ့စိတ်တွေကို စွန့်လွှတ်ဖို့၊တွယ်ငြိမှုတွေကို စွန့်လွှတ်ဖို့ စတာတွေ ပါပါတယ်။ စာရေးသူရဲ့ ကိုယ်ပိုင်အတွေ့အကြုံအပေါ် အခြေခံပြီး ရေးသားထားတဲ့ ဒီစာအုပ်ကလေးက ရိုးရှင်းပေမဲ့ ပညာသားပါပါတယ်။ ပျော်ရွှင်ဖို့အတွက် ဆန်းသစ်တဲ့အကြံဥာဏ်တွေဖြစ်တဲ့ ပြန်ဆန်းစစ်ဖို့၊ နောက်ကို ခြေတစ်လှမ်းဆုတ်ဖို့၊ တချို့အရာတွေကို လွှတ်ချခဲ့နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုပေးဖို့တွေ ပါပါတယ်။
ဒေါက်တာအောင်(ဆေး-၂) စာအုပ္မ်ား
chevron_right
Privacy Policy