မှောင်မိုက်ခြင်းအတွက်လင်းရောင်စဉ်
ပီတိ(ပေကြီး)
5000 က်ပ္
📖 မှောင်မိုက်ခြင်းအတွက်လင်းရောင်စဉ် 📖
🖊 စာရေးသူ - ပီတိ(ပေကြီး)
💸 တန်ဖိုး - 5000 (ပထမအကြိမ်)
🗒 စာမျက်နှာ - 310 မျက်နှာ
အတွေးတစ်ခုက
ဉာဏ်ကို အချက်ပြလိုက်ရုံနဲ့
ဘဝပါ ပြောင်းလဲသွားနိုင်ပါတယ်။
ရေးသာ�
��တဲ့စာ တိုခြင်းရှည်ခြင်းက အနှစ်သာရမဟုတ်ပါဘူး။
အဲဒီစာကိုဖတ်လိုက်ရသူအတွက် ထိမိတဲ့အတွေးအမြင်ရသတွေကို ရရှိခြင်းကသာ အနှစ်သာရဖြစ်ပါတယ်။
နှုတ်တစ်ရာ စာတစ်လုံးလို့ အဆိုရှိရဲ့မဟုတ်လား . . . ကိုယ့်အတွက်ဉာဏ်ပွင့်သွားစေမဲ့အတွေးအမြင်မျိုး နှလုံးသားကိုနူးညံ့သွားစေမဲ့ရသမျိုး ရရှိလိုက်တယ်ဆိုရင် တစ်လုံးတည်းသောစာရဲ့တန်ဖိုးကိုသိကြရမှာဖြစ်ပါတယ်။
ဒီစာအုပ်က စာတိုလေးတွေဖြစ်ပါတယ်။ လိုရင်းရောက်မရောက်ဆိုတာကတော့ စာဖတ်သူရဲ့ထိရှမှုကသာစကားပြောသွားမှာဖြစ်ပါတယ်။ ကုန်စျေးနှုန်းကြီးမြင့်နေတဲ့အချိန်မှာ စာအုပ်အလေအလွင့်မရှိအောင် စာတိုလေးတွေဖြစ်တဲ့အတွက် စာအုပ်ဆိုဒ်အသေးလေးစီစဉ်ထားပါတယ်။ ချစ်စရာ သေးသေးထူထူအနေအထားလေးမို့ ဆွဲဆောင်မှုရှိပါတယ်။
စာမြည်း -
🔷လုပ်ချင်တိုင်း ထင်ရာမလုပ်ပါနဲ့။
လုပ်သင့်မှ မှန်တာလုပ်ပါ။
🔷ဖြစ်ချင်တာတွေချည်း မလုပ်နဲ့။
ဖြစ်သင့်တာချည်း တွေးမနေနဲ့။
ဖြစ်နေတာကို အရင်ဖြေရှင်းပါ။
🔷သွေးသားနဲ့ တည်ဆောက်ထားတဲ့
မျက်စိတွေ နားတွေရှိပေမဲ့လို့
ဉာဏ်နဲ့တည်ဆောက်ထားတဲ့
မျက်စိတွေ နားတွေမရှိဘူးဆိုရင်
တန်ဖိုးရှိသူမဖြစ်နိုင်ပါဘူး။
🔷ဒီနေ့ မှားသွားတာ
နောက်နေ့ ပြန်လုပ်လို့ရပေမဲ့
ဒီနေ့ဟာ နောက်နေ့တော့ ဖြစ်မှာမဟုတ်ဘူး။