မင်းရဲ့ခက်ခဲမှုတွေကို စိတ်ခွန်အားနဲ့ ကျော်ဖြတ်လိုက်ပါ
ကောင်းပြည့်သော်
5000 က်ပ္
📖 မင်းရဲ့ခက်ခဲမှုတွေကို စိတ်ခွန်အားနဲ့ ကျော်ဖြတ်လိုက်ပါ📖 🖊 စာရေးသူ - ကောင်းပြည့်သော် 💸 တန်ဖိုး - ၅၀၀၀ (ပထမအကြိမ်) 🗒 စာမျက်နှာ - ၁၁၈မျက်နှာ အခက်အခဲမှန်သမျှကို ဖြေရှင်းကျော်ဖြတ်နိုင်ဖို့
အတွက် စိတ်ခွန်အားတွေအမြန်ဆုံးရရှိစေမယ့် စာအုပ်ကောင်းအသစ်တစ်အုပ် မင်းရဲ့ခက်ခဲမှုတွေကိုစိတ်ခွန်အားနဲ့ကျော်ဖြတ်လိုက်ပါ 'မင်းရဲ့ခက်ခဲမှုတွေကို စိတ်ခွန်အားနဲ့ ကျော်ဖြတ်လိုက်ပါ' စာအုပ်ဟာ ဆရာကောင်းပြည့်သော်ရေးသားတဲ့ (၁၈)အုပ်မြောက် စာအုပ်အသစ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အခက်အခဲကို ဖြေရှင်းနည်းနဲ့ စိတ်ခွန်အားဖြည့်စာအပုဒ်(၁၀၀)ကို စုစည်းထားပါတယ်။ ''စိတ်ဓါတ်ကျနေတယ်ဆိုရင် မင်းတစ်ယောက်တည်းကွက်ပြီး ဖြစ်နေတယ်လို့ မတွေးပါနဲ့။ သူများတွေလည်း မင်းလိုဖြစ်နေတာရှိပါတယ်။ ဒါပေမယ့် တစ်ချို့တွေက အဲလိုအ ကြောင်းအရာကို ဆုပ်ကိုင်မထားတဲ့အတွက် သက်သာရာရနေကြတာပါ'' ''ဘယ်အရာကိုမဆို မထီမဲ့မြင် မပြုသင့်ပါ၊ မထီမဲ့မြင်ပြုခဲ့တဲ့ အရာတွေအားလုံးဟာ တစ်ချိန်ချိန်မှာ ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးတတ်ပါတယ်။ ဘဝမှာ အမှန်တကယ် လိုအပ်တာကလွဲလို့ မမက်မောသင့်ပါဘူး။ မလိုအပ်တာကို မလိုအပ်မှန်းသိပြီး လွှတ်ချသင့်ပါတယ်။ အသုံးမလိုတာတွေ မေ့ဖျောက်ဖို့လိုပါတယ်။ နံနက်မိုးလင်းတာနဲ့ အိမ်သန့်ရှင်းရေးပြုလုပ်သလို စိတ်သန့်ရှင်းရေးလည်း ပြုလုပ်သင့်ပါတယ်။ စိတ်သန့်ရှင်းရေးလုပ်ပါများလာရင် စိတ်အကြည်ဓါတ်တွေ အားကောင်းလာပါလိမ့်မယ်။ စိတ်အကြည်ဓါတ်အားကောင်းလာရင် အလင်းဓာတ်ဖြစ်တာကြောင့် စိတ်ရဲ့အညစ်အကြေးအမှောင်တွေကို ဖြိုခွင်းနိုင်ပါတယ်။ လုပ်ရပ်တွေ မှန်ကန်လာတဲ့အခါ ရလဒ်တွေလည်း ကောင်းမွန်လာပါလိမ့်မယ်။ ရလဒ်တွေကောင်းမွန်လာတာနဲ့အမျှ စိတ်ရဲ့ပျော်ရွှင်ကျေနပ်မှုတွေ၊ စိတ်ခွန်အားတွေလည်း မလွဲမသွေ ရလာပါလိမ့်မယ်''လို့ ဆရာကောင်းပြည့်သော်က ဆိုထားပါတယ်။ ဒီစာအုပ်ဟာ အခက်အခဲကို ကျော်လွှားဖို့ စိတ်ခွန်အားဖြည့်စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တာကြောင့် ကိုယ်ဖတ်ဖို့ဖြစ်စေ ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ဖြစ်စေ အမှန်ကန်ဆုံးရွေးချယ်မှုလို့ ဆိုရမှာပါရှင့်။
ကောင်းပြည့်သော် စာအုပ္မ်ား
chevron_right
Privacy Policy