📖 နင့် 📖
🖊 စာရေးသူ - အေမွန်ကို
💸 တန်ဖိုး - 12,000 (ပထမအကြိမ်)
🗒 စာမျက်နှာ - 304 မျက်နှာ
ဝထ္ထုတစ်ပုဒ်လုံး နင့် နေအောင်ခံစားမှု
ပေးမယ့်ဇာတ်ကောင်တွေနဲ့ဖန်တီးထားတဲ့
" နင့် "....
အချစ်လို့ခေါင်းစဉ်တပ်ပြ�
��း မာယာတွေချသုံးလျက် အခြူဇယားခင်းခဲ့တဲ့စိုးမေလှိုင်နဲ့ အညိုးအတေးတွေနဲ့ တစိမ့်စိမ့်လက်တုန့် ပြန်မယ့် ညီလင်းညိုတို့ရဲ့ အချစ်ဇာတ်လမ်း ကြမ်းကြမ်းကို ရင်တလှပ်လှပ်နဲ့ဖတ်ရမယ့် ဝထ္ထုကောင်းတစ်ပုဒ်။
မိဘတွေမရှိတော့သည့်နောက် အဒေါ်လက်ထဲကြီးပြင်းလာခဲ့ရာမှ မှောင်သောလမ်းကို လျှောက်ခဲ့ရတဲ့ညီအမနှစ်ဦး၏ ဘဝဇာတ် လမ်းကိုထိထိမိမိရေးသားထားသော " နင့် "
အချစ်စစ်နဲ့တွေ့ပြီးနောက် အမြင်မှန်ရလာ သောအခါ နောင်တတွေတပွေ့တပိုက်နဲ့ လောကဓံကိုကြံ့ကြံ့ခိုင်ရင်ဆိုင်ဖြတ်သန်းခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့မာနကို ပီပီပြင်ပြင် သရုပ်ဖော်ရေးသားထားသော " နင့် "
အချစ်ကိုကိုးကွယ်၊ သစ္စာတရားကိုတန်ဖိုး ထားတတ်သော်လည်း အချစ်ကံခေရုံမက စေတနာတွေကိုစော်ကားခံခဲ့ရတဲ့ယောကျာ်း တစ်ယောက်ရဲ့အညိုးအတေးတွေ၊ အမုန်းတရားတွေကို ရင်တထိတ်ထိတ်ဖတ်ရမယ့် စာအုပ်ကောင်းတစ်အုပ်။
မိခင်တစ်ယောက်ရဲ့အတ္တ၊ ဖခင်တစ်ယောက်ရဲ့လောဘတွေကို ရင်နင့်ဖွယ်ဖတ်ရမယ့် စာအုပ်လေးပါ။ မထင်မှတ်ထားတဲ့လှည့်ကွက်မျိူးစုံနဲ့ တနင့်နင့်ဖတ်ရမယ့်စာအုပ်ကောင်းလေးပါ။
ဘဝကို ပြည့်ပြည့်စုံစုံနဲ့ လိုလေသေးမရှိ ကြီးပြင်းလာရတဲ့ ညီလင်းညိုနဲ့ နွမ်းပါးပြီး ဘဝကို အလွယ်နည်းနဲ့ ဖြစ်သလို ကြီးပြင်းဖို့ အကြောင်းပါလာတဲ့ စိုးမေလှိုင် တို့ဟာ ရေစက်တစ်ခုကို အစပြုလို့ သမီးရည်းစားတွေဖြစ်ခဲ့ကြပေမယ့်၊ စိုးမေလှိုင်နဲ့ သူ့အစ်မအပေါ်မှာ မကောင်းတဲ့နည်းလမ်းတွေနဲ့ အမြတ်ထုတ်နေတဲ့ အဒေါ် ဖြစ်သူကြောင့် စိုးမေလှိုင်နဲ့ ညီလင်းညိုတို့ရဲ့ပတ်သက်မှုက မှားယွင်းမှုတွေနဲ့ စတင်ခဲ့တဲ့ အိမ်ထောင်ရေး တစ်ခုဖြစ်လာတဲ့အခါ....
ညီလင်းညိုတို့စုံတွဲရဲ့ အိမ်နီးချင်းဖြစ်သူ ဒေါက်တာ ဇေယျကျော် ပေါ်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမှာလဲ?? 🤔
တခြား စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကရော ဘာတွေဖြစ်မလဲဆိုတာကတော့
အချစ်ဒရာမာ "နင့်" ဇာတ်လမ်းတွဲ ၀တ္ထုကိုဖတ်ကြည့်လိုက်ပါနော်🥰
(Canal+ ရုပ်သံလိုင်းတွင် 6-11-2023 နေ့မှစပြီး ဇာတ်လမ်းတွဲအဖြစ် စတင်ပြသတော့မည့် ၀တ္ထု)