ဒုက္ခနှင့်စီးချင်းထိုးခြင်း
သရာနောင်
5000 က်ပ္
ဘဝမှာ တွေ့ကြုံရတတ်တဲ့ စိတ်ဒုက္ခတွေကို
အကောင်းဆုံးဖြေရှင်းပေးမယ့် စာအုပ်အသစ်
ဒီစာအုပ်မှာဆိုရင် လူငယ်စာရေးဆရာတစ်ယောက်ရဲ့ခေတ်ပြိုင်ခံစားမှုတွေကို ထိထိမိမိ ရေးသားတင်ပြထားပါတယ်။ 'အဆ�
�်မပြေမှုကို ထိုင်ငြီးနေရုံမျှနဲ့ အကြပ်အတည်းမှ မလွှတ်မြောက်နိုင်ပါ။ အကြပ်အတည်းကာလမှဖောက်ထွက်မှသာလျှင် ရေကြည်ရာ၊ မြက်နုရာကို ရှာဖွေတွေ့ရှိနိုင်မှာပါ' လိို့ ဆရာသရာနောင်က ဆိုထားပါတယ်။ လူတိုင်းနီးပါး တွေ့ကြုံခံစားနေရတဲ့ ဒုက္ခအခက်အခဲဆိုတာတွေကို ဘယ်လိုဘယ်ပုံနှင့် ဖြေရှင်းသင့်တယ်ဆိုတာတွေ၊ လူ့ဘဝလူ့လောကမှာ တွေ့ကြုံခံစားရတတ်တဲ့ လောကဓံကို မည်သို့မည်ပုံ ရင်ဆိုင်အံတု ဖြေရှင်းသင့်တယ်ဆိုတာတွေ၊ အခက်အခဲဆိုတာ မလွဲမသွေတွေ့ကြုံရစမြဲမို့ တွေ့ကြုံရတတ်တဲ့ အခက်အခဲအကြီးအသေးအလိုက် ဖြေရှင်းပုံ ဖြေရှင်းနည်းတွေကို ထောင့်ပေါင်းစုံကနေ တင်ပြထားပါတယ်။ စိတ်ခွန်အားဖြည့် စာစု(၂၇)ပုဒ် ပါဝင်ပြီး စာဖတ်သူကို စိတ်ခွန်အားတွေ စိတ်ကျေနပ်မှုတွေ ရရှိစေမယ့် စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ပါတယ်ရှင့်။