ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာ
လွန်းထားထား(ဆေးတက္ကသိုလ်)
6000 က်ပ္
“ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာ…” သေသေချာချာစဉ်းစားကြည့်ရင်…ကိုယ့်ဘဝကို ကိုယ်ပဲ ပိုင်ဆိုင်ပါတယ်…။ ကိုယ်ကခွင့်မပြုဘဲ တခြားဘယ်သူကမှ ကိုယ့်ဘဝကို ချယ်လှယ်စီရင်ပိုင်ခွင့် မရှိပါဘူး…။ ကိုယ့်�
��ဝကို သူများရဲ့လက်ထဲမှာ..သူများရဲ့နှုတ်ခမ်းဖျားမှာ.. အပ်နှံထားမိလို့သာ… သူတစ်ပါးရဲ့ထင်မြင်ချက်တွေ..ဝေဖန်ပြောဆိုတာတွေအပေါ် လိုက်ပြီး… ကိုယ့်ရဲ့ခံစားချက်တွေ လှိုင်းထန်နေရတာပါ…။ ကိုယ့်လက်ထဲမှာရှိနေတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ဘဝကို.. ကိုယ်ဖြစ်စေချင်သလို ပုံဖော်တည်ဆောက်ခွင့် ရှိပြီးသားပါ….။ ကိုယ့်ဘဝကို ရိုးရှင်းအေးချမ်းပျော်ရွှင်အောင်..ကိုယ်ပဲဖန်တီးနိုင်သလို… ကိုယ့်ဘဝကို ပူလောင်ရှုပ်ထွေးဆူညံနေအောင် ..ကိုယ်ပဲ လုပ်နိုင်တာပါ…။ ဘဝကို တစ်ရက်ချင်းဖြတ်သန်းတဲ့အခါ…တစ်နာရီချင်း..တစ်မိနစ်ချင်း… တစ်စက္ကန့်ချင်း အကောင်းဆုံး ပုံဖော်သန့်စင်သွားမယ်ဆိုရင်… တန်ဖိုးရှိတဲ့နေ့ရက်ကလေးတွေကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်…။ ကိုယ့်ဘဝကြည်လင်လှပဖို့..ကိုယ့်မှာပဲတာဝန်ရှိပါတယ်…။ ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာပါ…။
လွန်းထားထား(ဆေးတက္ကသိုလ်) စာအုပ္မ်ား
chevron_right
Privacy Policy