မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ပုံဝတ္ထုများဖြင့် ပြောပြဆုံးမခဲ့တဲ့ အဆုံးအမများ
ငြိမ်းချမ်းသာ
7500 က်ပ္
📖 မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ပုံဝတ္ထုများဖြင့် ပြောပြဆုံးမခဲ့တဲ့ အဆုံးအမများ 📖 🖊 စုစည်းပူဇော်သူ - ငြိမ်းချမ်းသာ 💸 တန်ဖိုး - 7500 (ပထမအကြိမ်) 🗒 စာမျက်နှာ - 190 မျက်နှာ ဘဝကိုဓမ
္မဖြင့် တည်ဆောက်လိုသူများအတွက် . . . မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ပုံဝတ္ထုများဖြင့် ပြောပြဆုံးမခဲ့တဲ့ အဆုံးအမများကို စုစည်းပူဇော်ထားသည့် စာအုပ်ဖြစ်ပြီး ဘဝကိုဓမ္မဖြင့်တည်ဆောက်လိုသူများအတွက် ဆရာတော်ကြီးရဲ့ တန်ဖိုးကြီးလှတဲ့ သြဝါဒစကားများစွာလည်း ပါဝင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကိုး သူတော်ကောင်းမျိုးများဖြစ်ကြစေဖို့၊ ဘုရားကပင်ပြုံးရသူ၊ လောင်းကြေးထပ်မြတ်ပါစေ၊ ဓမ္မသည် သူ့ကြောင့်ကိုယ်မပျက်၊ ကိုယ့်ကြောင့်သူမပျက် ချမ်းသာရုံခံစားချက် .. စတဲ့ သြဝါဒများကို ဆရာတော်ကြီးက ပုံဝတ္ထုများဖြင့် ဥပမာဆောင်လျက် ရှင်းပြဆုံးမတော်မူခဲ့တာဖြစ်ပြီး ဆရာတော်ကြီးရဲ့ အဆုံးအမများထဲမှာပါဝင်တဲ့ ပုံဝတ္ထုများကို ပိဋကတ်မြန်မာပြန်စတဲ့ ကျမ်းရင်းများနဲ့တိုက်ဆိုင်ပြီး သက်ဆိုင်ရာကျမ်းညွှန်းများကို အောက်ခြေမှတ်စုဖြင့်ဖော်ပြထားပါတယ်။ ဒီစာအုပ်က ဆရာတော်ကြီးရဲ့ အဆုံးအမများကို နာကြားလျက်က ဓမ္မခရီးလမ်းကို လျှောက်လှမ်းနိုင်ဖို့ ရည်ရွယ်ရေးသားရခြင်းဖြစ်ပြီး ဆရာတော်ကြီးရဲ့ထူးခြားလေး နက်လှတဲ့ စာပေရေးဟန်ကို အရသာခံနိုင်ကြဖို့၊ တန်ဖိုးထားဂုဏ်ယူနိုင်ကြဖို့ကိုလည်း ရည်မှန်းပြီး ရေးသားထားပါတယ်။ ဒီစာအုပ်မှာ ဆရာတော်ကြီး မိန့်ကြားတော်မူတဲ့ သိစရာ၊ ကျင့်စရာ၊ ဆောင်စရာ၊ ရှောင်စရာ အဆုံးအမဩဝါဒများကို ထည့်သွင်းဖော်ပြထားပြီး ဖတ်မှတ်ကြသူတွေအနေနဲ့ ဓမ္မရဲ့အငြိမ်းဓာတ်၊ အအေးဓာတ်ကို ခံစားသိရှိနိုင်ကြဖို့ရာအတွက် တစ်စုံတစ်ရာ အထောက်အပံ့ကောင်းပေးနိုင်ပါလိမ့်မယ်။
ငြိမ်းချမ်းသာ စာအုပ္မ်ား
chevron_right
Privacy Policy