ဗိုလ်ကေနဲ့သနပ်ခါး
စာရေးသူ - သိုက်(ရွှေကူ)
တန်ဖိုး - 6500 mmk. စက္ကူအဖြူ 60 g
စာမျက်နှာ - ၂၄၀
လောကမှာ ယောက်ျားကောင်းရှားသွားပြီလို့ ပြောရင် လက်ခံကြမလားဗျ။ ယောက်ျားကောင်းဆိုတိုင်း အပေါ်ယံလေးကြည့်ပ�
��ီိး ပြောလို့ရတဲ့ အရာမဟုတ်တာကိုတော့ သတိချပ်စေချင်တယ်။ သစ္စာရှိမှု၊ တန်ဖိုးထားမှု၊ ကိုယ်ချင်းစာမှု၊ ပရဟိတစိတ်ရှိမှု စတဲ့အချက်တွေတော့ ရှိဖို့လိုပါတယ်။
ယောက်ျားသားများဟာ မိန်းမသားတွေနဲ့ တူတူနေဖို့ကြုံလာရင်(ဆိုလိုသည်မှာ လင်မယားအရာမမြောက်သေးဘဲ ကံကြမ္မာစေလာလို့ တူတူနေဖို့ဖြစ်လာတဲ့ သဘောပါ) သူတို့ရဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့ဆိုတာ အင်မတန့် အင်မတန် ခဲယဉ်းပါတယ်။ ယောက်ျားပီိသနေဖို့တော့ လိုတာပေါ့။
နောက်တစ်ခုက ရုပ်ရှင်၊ ဗီဒီယိုထဲမှာဆို အားနွဲ့သူမိန်းမသားတွေကို ကူညီပေးကြတာ လုံးဝ ကြွယ်ဝချမ်းသာနေတဲ့ သူတွေကြီိးပါပဲ။ ဒီဝတ္ထုထဲမှာဆို ယောက်ျားပီိသတဲ့လူတစ်ယောက်၊ ကိုယ်တိုင်က အနေစုတ်ပေမဲ့ စိတ်ထားက လေးစားစရာ။
ချွေးမဆိုတာနဲ့ ယောက္ခမရဲ့ ရန်ဘက်လို ကမ္ဘာဦိးကတည်းက ဆိုခဲ့ကြပါတယ်။ ချွေးမအတွက် အရာရာဆိုတဲ့ ယောက္ခမမျိုးကို မြင်ချင်ရင် ဒီိစာအုပ်လေးဖတ်ကြည့်ပါ။
အမိအဘမရှိတော့တဲ့မိန်းကလေးတစ်ယောက်အတွက် လောကကြီိးရဲ့ ထိုးနှက်ချက်တွေ၊ ယုတ်မာပတ်စက်မှုတွေဟာ ထိုမိန်းကလေးရဲ့လွတ်လပ်မှု၊ ပျော်ရွှင်မှုတွေ ပျောက်သွားစေတတ်ပါတယ်။
"ဗိုလ်ကေနဲ့သနပ်ခါး" ဝတ္ထုကို ဖတ်ကြည့်ပြီိးရင် လူတန်းစားနှစ်ရပ် ကွဲသွားမှာ မလွဲပါ။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းထဲက အံ့ထူးမောင်ရဲ့ ကူညီတဲ့စိတ်ထားလေးကို အကောင်းမြင်တဲ့သူတွေက ချီိးကျူးကြမှာ ဖြစ်သလို အကောင်းမမြင်တဲ့ လူတစ်စုကတော့ ဝိုင်းပြီးလှောင်ရယ်နေကြမှာပါ။
ဒီိလိုဆိုရင် အခုစာဖတ်နေတဲ့သူကကော အကောင်းမြင်တဲ့သူလား၊ အကောင်းမမြင်တဲ့သူလား ဆိုတာကို စာရေးသူ သိချင်နေမိပြီ။ ဒီတော့ စာအုပ်လေးဖတ်ပြီိး ဖြေပေးခဲ့ပါဦိးခင်ဗျ။